ဝေးလံခေါင်ဖျားဒေသသတင်းများ

Sep 02,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ အရေးပေါ်ထိန်းချုပ်၊ တုံ့ပြန်ရေး ကော်မတီမှ ဌာနဆိုင်ရာများ၊ ရပ်ကွက် နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဘာသာအသင်းတော်များနှင့် တွေ့ဆုံကာ ချီဖွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိ ဆောင်ရွက်ရမည့် ကိစ္စများနှင့် ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးပွဲ ပြုလုပ်သည်။
Sep 02,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြုလုပ်ကျင်းပ သွားမည်ဖြစ်ရာ ချင်းပြည်နယ်အတွင်းမှ လွှတ်တော်အသီးသီးသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို သြဂုတ်လ ၃၀ ရက်နေ့ မှစ၍ ကြေညာခဲ့ပြီး ချင်းပြည်နယ် အတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရေစုစုပေါင်း (၂၁၀)ဦးရှိကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးထံမှ သိရသည်။
Sep 02,2020
မင်းတပ်မြို့ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနရုံး၌ ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ၏ ကူညီပံ့ပိုးပေးမှုဖြင့် ဖွင့်လှစ်သည့် COVID-19 Relief Package (1) ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်း ဖွင့်လှစ်ကြောင်း သိရသည်။
Sep 02,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် သြဂုတ်လ(၃၀)ရက်နေ့တွင် ပြည်ပမှ နေရပ်သို့ ပြန်လည် ရောက်ရှိလာသူ (၆)ဦးနှင့် သြဂုတ်လ(၃၁) ရက်နေ့တွင် ရန်ကုန်မှ ပြန်လည်ရောက်ရှိလာသူ (၁)ဦးတို့အား ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ စောင့်ကြည့်စစ်ဆေးရန်အတွက် မြို့နယ်မနောကွင်း အတွင်းရှိ ခန်းမ၌ (၂၁)ရက် ကန့်သတ်ထားရှိကာ ကိုဗစ်-၁၉ရောဂါ ရှိ /မရှိ ဓာတ်ခွဲအတည်ပြု နိုင်ရေးအတွက် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့ရယူ စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
Sep 02,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို နို၀င်ဘာလ (၈)နေ့တွင် ကျင်းပသွားမည်ဖြစ်ပါသည်။
Sep 01,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် COVID-19 ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေး ကာကွယ်ထိန်းချုပ် ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် စစ်ဆေးဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ငွေတောင်ကျေးရွာ စိုက်ပျိုးရေးသိပ္ပံ(ဒီးမော့ဆို)ကျောင်းရှေ့၌ ဌာနဆိုင်ရာများပူးပေါင်းပါဝင်သောအဖွဲ့များကနေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာ နေသော ပြည်သူ များအားမဖြစ်မနေ Mask တပ်ဆင်အသုံးပြုခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 01,2020
ဖလမ်းမြို့နယ် ကြက်ခြေနီအဖွဲ့ဝင်များအတွက် ကြက်ခြေနီဝတ်စုံ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ ညနေ ၂ နာရီက ဖလမ်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်သည်။
Sep 01,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများ၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာလုပ်ငန်းများ တိုးတက်စေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ရရှိစေရန် ရည်ရွယ်၍ အခြေခံပန်းအလှပြင်သင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ပြုလုပ်သည်။