ချီဖွေမြို့နယ် မဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကြေညာထား

ချီဖွေ     စက်တင်ဘာ   ၁

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် ချီဖွေမြို့နယ် မဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က ကပ်ထားကြေညာထားပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါစာရင်း၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း(၅)ဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၉) လွှတ်တော်ကိုယ်စားလှယ်လောင်း(၇)ဦး၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်လောင်း(၄)ဦး၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)လွှတ်တော် ကိုယ်စားလှယ်လောင်း(၅)ဦးနှင့် ပြည်နယ်လွှတ်တော်တိုင်းရင်းသားလူမျိုးလွှတ်တော် မဲဆန္ဒနယ်သို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဗမာတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း (၇)ဦး၊ ရှမ်းတိုင်းရင်းသား လူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်း(၈)ဦး၊ လီဆူတိုင်းရင်းသား လူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်း (၈)ဦး၊ ရဝမ် တိုင်းရင်းသား လူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်း(၆)ဦးတို့၏ အမည်စာရင်း ပုံစံ(၁၀)နှင့်(၁၀-က) တို့အား မြစ်ကြီးနားခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ထုတ်ပြန်ကြေညာမှုအပေါ် ချီဖွေမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အနေဖြင့် (၃၁.၈.၂၀၂၀) ရက်နေ့မှစ၍ ထပ်ဆင့်ကြေညာထားပြီး ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အဆိုပါ  လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို  ချီဖွေမြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ဘုတ်တွင်လည်း ကပ်ထား ကြေညာထားသည်။

နန်းမြင့်(ပြန်/ဆက်)