ဝေးလံခေါင်ဖျားဒေသသတင်းများ

Jul 12,2021
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ပမ္မတီးကျေးရွာအုပ်စု၊ နမ်ရှယ်-မလိခေါမ် ကျေးရွာကြားရှိ နမ်ရှယ်ချောင်းကူး ဘေလီသံဘောင် တံတားအား ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် ပြည်နယ် ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ တံတားတည်ဆောက်မှု လုပ်ငန်းပြီးစီးနေပြီ ဖြစ်ပါသဖြင့် ဒေသအတွက် များစွာအကျိုးပြုနေပြီဖြစ်ကြောင်း သိရသည်။
Jul 12,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ဟန်ထက်ကျေးရွာနေ ဦးထွန်းထွန်းနှင့် ဒေါ်ဝေဝေမိသားစု သိရောမဏိကျောက်မျက်ရတနာကုမ္ပဏီနှင့် မဟာရွှေဇဗ္ဗူ ကုမ္ပဏီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းတွင် အသုံးပြုနိုင်ရေးအတွက် ငွေကျပ် (၁၈၇၅၀၄၀၀)ကျပ်တန်ဖိုးရှိ အထောက်အကူပြု ပစ္စည်းများကို မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီသို့ ယနေ့ နံနက် ၁၀ နာရီက မံစီမြို့ဇိနမာရ်အောင်မြို့ဦး စေတီတော်၌ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
Jul 12,2021
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ တွန်းဇံပြည်သူဆေးရုံနှင့် ကျီခါးတိုက်နယ် ဆေးရုံတို့တွင် ယနေ့ Rapid Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါရှိ/မရှိ စစ်ဆေးရာ ကိုဗစ်-၁၉ရောဂါပိုး (၂)ဦးတွင် ထပ်မံတွေ့ရှိခဲ့ပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာပြီး ဆေးရုံဆင်းခွင့် ထပ်မံရရှိသူ(၄)ဦး ရှိကြောင်း သိရသည်။
Jul 11,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန် အချက်များအား ပိုမိုသိရှိစေရန် ရည်ရွယ်၍ Mask Campaign နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ဆောင်ရွက်ခြင်းကို ဇူလိုင်လ ၉ ရက်နေ့ ညနေ (၄)နာရီ အချိန်မှစ၍ တနိုင်းမြို့မရဲစခန်းရှေ့၊ မိုင်းခွန်သွားလမ်းထောင့်တို့တွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Jul 11,2021
ကချင်ပြည်နယ် တနိုင်းမြို့နယ်သစ်တော ဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော်ကို ယမန်နေ့ နံနက် ၈ နာရီက ဆွတ်ငိုင်ရပ်ကွက် သာယာသစ်အပိုင်းရှိ အမက သာယာသစ် ကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Jul 09,2021
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး အစည်းအဝေးကို ယမန့်နေ့ ညနေ ၃ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည်။
Jul 07,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ပျိုးပင်၊မျိုးစေ့၊ မျိုးစေ့ချ ကိရိယာပေးအပ်ပွဲနှင့် စိုက်ပျိုးနည်းပညာပေးသင်တန်း ဖွင့်ပွဲကို ဇူလိုင် (၆)ရက်နေ့ နံနက် ၁၀ နာရီ ချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။