ဝေးလံခေါင်ဖျားဒေသသတင်းများ

Oct 22,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်မြို့နယ်၌ မလိခညီအစ်ကိုများ (ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်)မှ လှူဒါန်းသော နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများကို ယမန်နေ့ နံနက် ၉ နာရီခန့်ကဆောင်ရွက်ခဲ့သည်။
Oct 22,2020
ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေး စစ်ဆေးဂိတ် များကို ၂၀၂၀ပြည့်နှစ်၊ မတ်လတွင် စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ယခုအခါ မိုးဒဏ်လေဒဏ်ကြောင့် ဂိတ်ဖွင့်လှစ်ရန် ဆောက်လုပ်ခဲ့သော အဆောက်အဦများ လုံခြုံမှုမရှိသောကြောင့် အသစ်ပြန်လည် တည်ဆောက်ခြင်းကို ယမနနေ့က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Oct 22,2020
ချင်းပြည်နယ်၊ ရေဇွာမြို့မြန်မာ့စီးပွားရေးဘဏ် (ငွေတိုက်ခွဲ) တွင် ပင်စင်လစာလာရောက် ထုတ်ယူသူ များအား ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရေး၊ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးနည်းလမ်းများကို စနစ်တကျစီမံဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Oct 22,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် Online Physical Fitness Dance အကအား ယမန်နေ့ နံနက်ပိုင်းက တတိယအကြိမ်မြောက် ထုတ်လွှင့်ပေးကြောင်း သိရသည်။
Oct 22,2020
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွက် မဲရုံသုံးပစ္စည်းများနှင့် ဆန္ဒမဲလက်မှတ်များ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးသို့ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က ရောက်ရှိခဲ့ကြောင်း သိရသည်။၁
Oct 22,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ ကန့်ဖန့်ကျေးရွာအုပ်စု၊ မှီရှီတီ ကျေးရွာအဝင် ငေါ့ချမ်းချောင်းကူး (၁၆၀)ပေနှစ်ထပ် ဘေလီတံတားကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် တည်ဆောက်မည့် လုပ်ငန်းအား ချီဖွေမြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဆန့်နှင့် အဖွဲ့သည် အောက်တိုဘာ လ(၁၇)ရက်နေ့ (၁၈)ရက်နေ့တွင် ကွင်းဆင်း စစ်ဆေး ခဲ့ကြသည်။
Oct 22,2020
မင်းတပ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အထောက်အပံ့ဖြစ်စေရန်အတွက် အခြေခံစားသောက်ကုန် (၅)မျိုး ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 22,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ် ပြဘုတ်တွင် ကိုဗစ်−၁၉ ဆိုင်ရာ အသိပညာပေးရုပ်ပုံများအား ပြည်သူများ အသိပညာ ဗဟုသုတ ရရှိနိုင်ရေး လေ့လာနိုင်ရန်အတွက် အောက်တိုဘာလ ၂၁ ရက်နေ့မှစ၍ ပြသပေးထားကြောင်း သိရသည်။