နောင်မွန် အောက်တိုဘာ ၂၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်မြို့နယ်၌ မလိခညီအစ်ကိုများ (ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်)မှ လှူဒါန်းသော နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများကို ယမန်နေ့ နံနက် ၉ နာရီခန့်ကဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အလှူရှင်ကိုယ်စား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇေယျာစိုး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြိုနယ် ကျန်းမာရေး ဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့တို့မှ မြို့ပေါ်ရပ်ကွက်ရှိ လူသွားလူလာများသည့် နေရာများဖြစ်သော မြို့မစျေးနှင့် လမ်းဆုံလမ်းခွနေရာများတွင် ပြည်သူများ အပြင်ထွက်သည့် အခါတိုင်းတွင် နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန် အတတ်နိုင်ဆုံး လူစုလူဝေး ရှောင်ရှားကြရန်နှင့် အပြင်က ပြန်လာပြီးတိုင်း လက်ကို စနစ်တကျ ဆေးကြောကြရန်စသည့် ကျန်းမာရေးဆိုင်ရာများ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများအား အခမဲ့ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မြနန်း (ပြန်/ဆက်)