မင်းတပ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

မင်းတပ် အောက်တိုဘာ  ၂၂

မင်းတပ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အထောက်အပံ့ဖြစ်စေရန်အတွက် အခြေခံစားသောက်ကုန် (၅)မျိုး ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မင်းတပ်ခရိုင်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း(၅၉)ဦးတို့အား တစ်ဦးလျှင် ဆန်(၁၀)ပြည်၊ ဆီ(၁)ပိဿာ၊ ဆား(၁)ပိဿာ၊ ကြက်သွန်နီ(၁)ပိဿာနှင့် ကြက်ဥ(၁၀)လုံးတို့ကို ဝန်ထမ်းသက်သာ ချောင်ချိရေးအတွက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်လှိုင်ထံမှ သိရသည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးထိုက်နှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါဖြစ်ပွား နေသည့် ကာလအတွင်း ဆွမ်းအလှူနှင့် ရိက္ခာအထောက်အပံ့ဖြစ်စေရန်ရည်ရွယ်၍ ဆန်(၁)အိတ်၊ ဆီ(၅)ပိဿာ၊ ကြက်သွန်နီ(၅)ပိဿာနှင့် ကြက်ဉ(၂၀၀)လုံးစီတို့အား ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်း၊ စိတ္တသုခ ဆွမ်းလောင်းအသင်း၊ မြို့မနှစ်ခြင်းခရစ်ယာန်အသင်းတော်၊ ယေဇူးရွှေနှလုံးတော် ဗဟိုကျောင်းတိုက်နှင့် မေတ္တာစမ်းရေ ဘိုးဘွားရိပ်သာများသို့ သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဆလိုင်းအောင်(ပြန်/ဆက်)