ဝေးလံခေါင်ဖျားဒေသသတင်းများ

Nov 04,2020
မတူပီခရိုင်၊ မတူပီမြို့၌ ၂၀၂၀ ပြည့်နှစ် နိုင်ဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများက အောက်တိုဘာလ (၂၉)ရက်နေ့ နံနက်(၈:၀၀)နာရီအချိန်မှစ၍ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင်မဲဆန္ဒပေးလျက် ရှိကြောင်း သိရသည်။
Nov 04,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ လ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် တီးတိန်မြို့ပေါ်၌ မဲရုံ (၁၂)ရုံ ဖွင့်လှစ်ထားရှိမည်ဖြစ်ရာ မဲရုံများပြင်ဆင်နေမှုအခြေအနေများကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကျော်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတို့က နိုဝင်ဘာ ၃ ရက်နေ့တွင် လှည့်လည်ကြည့်ရှုစစ် ဆေးခဲ့ကြသည်။
Nov 04,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကို ယနေ့နံနက် ၁၁ နာရီခွဲက ခရိုင် အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်နှင့် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ လှည့်လည်ကြည့်ရှု စစ်ဆေး ခဲ့ကြကြောင်း သိရသည်။
Nov 04,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ ဝန်ထမ်းတစ်ဦးအား နိုဝင်ဘာ ၃ ရက် ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ခေါင်းဖြတ်သတ်ခံရကြောင်း သိရသည်။
Nov 04,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် နမ္မတီး - တနိုင်း - ရှင်ဗွေယန်လမ်းပိုင်းရှိ တဝမ်ချောင်းချဉ်းကပ်လမ်းနှင့် တံတားအသစ်အား ဖောက်လုပ်ပြီးစီးပြီဖြစ်၍ အဆိုပါ လမ်းနှင့်တံတား အသစ်တွင် ဖြတ်သန်းသွားလာနိုင်ရေးအတွက် ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းတည့် (၄) နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
Nov 04,2020
မင်တပ်မြို့နယ်အတွင်းရှိ မဲရုံ (၁၁၆) ရုံအတွက် ကိုဗစ်−၁၉ရောဂါ ကာကွယ်/ ထိန်းချုပ်/ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှပေးပို့လှူဒါန်းသော ကျန်းမာရေးသုံး အထောက်အကူပြု ပစ္စည်းများ ခွဲဝေထုတ်ပေးခြင်းကို ယနေ ့နံနက် (၉) နာရီအချိန်တွင် မင်းတပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Nov 04,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများရှိ မဲရုံများသို့ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ယမန်နေ့မှစ၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မိမိတာဝန်ကျရာ နယ်မြေအတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ မဲရုံများ ပြင်ဆင်ထားရှိမှု တို့အား ကွင်းဆင်း၍ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 04,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်တွင် ဩဂုတ်လနှင့် စက်တင်ဘာလများတွင် ဖြစ်ပွားခဲ့သည့် သဘာဝဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။