ရိခေါ်ဒါရ် နိုဝင်ဘာ ၅
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဝန်ဆောင်မိခင်များနှင့် အသက် (၁) နှစ်ခွဲအောက် ကလေးသူငယ်များ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေးခြင်းကို နိုဝင်ဘာ ၃ ရက်မှ ၄ ရက်အထိ မြို့ပေါ်ရပ်ကွက် နှစ်ခု၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးများ ထိုးနှံရာတွင် အသက် (၁) နှစ်ခွဲအောက် ကလေးငယ်များအား အသည်းရောင် အသားဝါ (ဘီ)၊ ဘီစီဂျီ၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ပိုလီယို ကာကွယ်ဆေး၊ ဂျပန် ဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုက်သိုး စသည့်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံပေးခဲ့ကြောင်း၊ ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံရာတွင် ရိခေါ်ဒါရ်မြို့ ရပ်ကွက်နှစ်ခုအတွင်းရှိ ကိုယ်ဝန်ဆောင် မိခင် ၁၈ ဦး၊ အသက် (၁) နှစ်ခွဲအောက် ကလေးငယ် (၅၂) ဦးတို့ကို ရိခေါ်ဒါရ်ကျေးလက် ကျန်းမာရေး ဌာနခွဲမှ ထိုးနှံဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လာလ်ပက်လောမ် (ပက်ကာ)