ဝေးလံခေါင်ဖျားဒေသသတင်းများ

Mar 12,2020
ကော့သောင်းမြို့မှ ပင်လယ်ငါးဖမ်းထွက်မည့် ရေလုပ်သားများအား ကော့သောင်းမြို့၊ ကမ်းနီးကုမ္ပဏီဇုံ စစ်ဆေးရေးစခန်းတွင် ယနေ့ နံနက်ပိုင်းက ငါးလုပ်ငန်းဦးစီးဌာန၊ ကော့သောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ ကော့သောင်း FOB စစ်ဆေးရေး အဖွဲ့တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 12,2020
၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ရိုးရာခြင်းလုံးပြိုင်ပွဲတွင် ငွေတံဆိပ် ဆုရရှိခဲ့သော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရိုးရာခြင်းလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့၊ နံနက် ၈ နာရီခွဲက ပျဉ်းမနားမြို့နယ် ပေါင်းလောင်း အားကစားခန်းမ၌ ကျင်းပသည်။
Mar 12,2020
မိတ္ထီလာမြို့နယ် ကန်နီကျေးရွာနှင့် အောင်ကန်ကျေးရွာတို့တွင်တို့ မိုးကြိုချည်မျှင်ရှည်ဝါ အထူးဇုန် ဧက ၁၀၀ ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ စတင်၍ စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Mar 12,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပန်းသီတာဥယျာဉ်သာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ကြီးမှူး၍ စတုတ္တအကြိမ်မြောက် အခမဲ့အခြေခံပန်းချီ သင်တန်း ဖွင့်ပွဲကို ယနေ့နံနက်(၉:၀၀)နာရီက ပန်းသီတာဥယျာဉ်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
Mar 12,2020
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အင်္ဂလိပ်သဒ္ဒါ ၊ အင်္ဂလိပ်စကားပြောစွမ်းရည်သင်တန်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်ခဲ့သည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာခင်က ဗုဒ္ဓဓမ္မနှင့် အင်္ဂလိပ်သဒ္ဒါ၊ အင်္ဂလိပ်စာစကားပြောစွမ်းရည်  မြင့်မားတိုးတက်စေရန်ရည်ရွယ်၍   ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ပါကြောင်းနှင့် သင်တန်းစည်းမျဉ်းစည်းကမ်းများကိုရှင်းလင်းပြောကြားခဲ့သည်။ သင်တန်းကာလကို မတ် ၁၁ ရက်နေ့မှ စ၍ (၂) လတိတိ သင်ကြားပေးသွားမည်ဖြစ်ပြီး  သင်တန်းနည်းပြအဖြစ်  ဆရာ ဒေါ်ချိုချိုသင်း (Buddhism) ကသင်ကြား ပို့ချသွားမည်ဖြစ်သည်။
Mar 12,2020
မိတ္ထီလာမြို့နယ် ကန်နီကျေးရွာနှင့် အောင်ကန်ကျေးရွာတို့တွင်တို့  မိုးကြိုချည်မျှင်ရှည်ဝါ အထူးဇုန် ဧက ၁၀၀ ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ စတင်၍ စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Mar 12,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း စိုက်ပျိုးရေးသွင်းအားစုများ ရောင်းချ လျက်ရှိသော ဓါတ်မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးအရောင်းဆိုင်များအား ဥပဒေ၊ နည်းဥပဒေနှင့်လုပ်ထုံးလုပ် နည်းများနှင့်အညီ ဖြန့်ဖြူရောင်းချနိုင်ရေး ဆွေးနွေးဟောပြောပွဲကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ် စိုက်ပျိုးရေးဉီးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 12,2020
မန္တလေးတိုင်းဒေသကြီး၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မတ်လ ၁၂ရက် ဒုတိယနေ့ (အင်္ဂလိပ်စာဘာသာ)ဖြေဆိုသည့်နေ့တွင်  ကျောင်းသား၊ ကျောင်းသူ ( ၁၂၇၄၃၈ )ဦးဝင်ရောက်ဖြေဆိုကြောင်းနှင့် ပျက်ကွက်သူ ( ၆၁၂၆) ဦးရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။