Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ငါန်းဇွန်မြို့နယ်၌ အမျိုးသားလူမှုရေးပင်စင် ထောက်ပံ့ငွေများကို အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများထံအရောက် ထောက်ပံ့ပေးအပ်
Mar 14,2020
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား အမျိုးသား လူမှုရေး ပင်စင်ကို တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိရာ ငါန်းဇွန်မြို့နယ် အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ယမန်နေ့က အဘိုးအဘွားများ၏ လက်ဝယ်အရောက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တဆင့်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုရိုနာဗိုင်းရပ်စ်အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 14,2020
မကွေးခရိုင်၊ မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ကြက်ခြေနီ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ် အကြောင်း အသိပညာပေး ဟောပြောခြင်းနှင့် ပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)နာရီက မြို့သစ်မြို့ စည်ပင်သာယာစျေးကြီး အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဦးမြို့နယ် ရွှေလှေကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ ကွင်းဆင်းကြည့်ရှု
Mar 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ရွှေလှေကျေးရွာ၌ ကျေးရွာကုန်ထုတ် လမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက်(၉)နာရီက ရွှေလှေကျေးရွာတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်း ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ် ရခိုင်ချောင်ကျေးရွာ၌ နွေရာသီသောက်သုံးရေဖူလုံစေရေး သောက်သုံးရေကန်ကြီး ပြန်လည် တူးဖော်
Mar 14,2020
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ရခိုင်ချောင်ကျေးရွာ၌ နှစ်စဉ်နွေရာသီကာလအတွင်း သောက်သုံး ရေကန်များ ခမ်းခြောက်လျက်ရှိရာ ဒေသခံပြည်သူများ ရေရှားပါးမှုမှ ကင်းဝေးစေရေးနှင့် သောက်သုံးရေ ဖူလုံစွာရရှိစေရေးအတွက် ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး၏ မတည်လှူဒါန်းမှုဖြင့် ဒေသခံ ကျေးရွာသူ၊ ကျေးရွာသားများမှ စုပေါင်းလှူဒါန်းငွေ ကျပ်သိန်း(၁၃၀)ဖြင့် ကျေးရွာတောင်ဘက်ခြမ်း၌ သောက်သုံးရေကန်ကြီးအား ပြန်လည်တူးဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရေး အသိပညာပေးလှုပ်ရှားမှုဆောင်ရွက်
Mar 14,2020
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ဒေသခံပြည်သူများနှင့် ခရီးသွားမိဘပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရေးအတွက် ရည်ရွယ်၍ အမှတ်(၅၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး ဒုရဲမှူး မြင့်အောင် ဦးစီးပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မတ်လ ၁၂ ရက်နေ့ မှ စတင်ပြီး ရက်သတ္တပတ် အသိပညာပေးလှုပ်ရှားမှု ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
အကြိုအခြေခံ မီးသတ်ပညာ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Mar 14,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက် မြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် အကြိုအခြေခံ မီးသတ်ပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူတက္ကသိုလ်ဝန်းအတွင်း ကျောင်းသားအိပ်ဆောင်နှင့်ထမင်းစားဆောင် တည်ဆောက်ရေး လုပ်ငန်း၏ ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကျင်းပ
Mar 14,2020
ပခုက္ကူ မတ် ၁၄
အပြည့်အစုံ ဖတ်ရန်
ကြို့ပင်ကောက်မြို့တွင် အများပြည်သူသုံးဆိုလာမီးလင်းရေးလုပ်ငန်း ကျေးရွာလေးရွာတွင် ဆောင်ရွက်ပြီးစီး
Mar 14,2020
သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ ကျေးလက်ဒေသ မီးစလင်းရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ကျေးရွာလေးရွာတွင် အများပြည်သူသုံး ဆိုလာမီးလင်းရေးလုပ်ငန်းများကို ဇန်နဝါရီလက ရာနှုန်းပြည့်တပ်ဆင်ပြီးစီးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
314
Page
315
Page
316
Page
317
Current page
318
Page
319
Page
320
Page
321
Page
322
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department