ဝေးလံခေါင်ဖျားဒေသသတင်းများ

Oct 08,2020
မင်းတပ်မြို့နယ်အတွင်းသို့ ဝင်ရောက်ဖြတ်သန်းမည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား မြို့အဝင်ဂိတ်များတွင် Rapid Test kit ဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ရှိ/မရှိ ကျန်းမာရေး စစ်ဆေးပြီးမှသာ ဝင်ရောက်ဖြတ်သန်း ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
Oct 08,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင် ထန်တလန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီက ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပမှုကို Online မှတစ်ဆင့် တင်ဆက်ခဲ့ကြောင်း သိရသည်။
Oct 08,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်တို့ ပူးပေါင်း၍ မြို့နယ် လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက Online မှတဆင့် အသိပညာပေး တင်ဆက်ပေးခဲ့ကြပါသည်။
Oct 08,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ ထားရှိမှုအခြေအနေ ကွင်းဆင်းစစ်ဆေး​​ခြင်းနှင့် လက်ကမ်း စာစောင်များဖြန့်ဝေမှုကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့သည်။
Oct 08,2020
အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသားရှစ်ဦးတို့သည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်မှတစ်ဆင့် အောက်တိုဘာ ၇ ရက်ညနေ ၆ နာရီခွဲအချိန်ခန့်က ရိခေါ်ဒါရ်မြို့သို့ ရောက်ရှိလာပြီး အ.ထ.ကခွဲကျောင်းရှိ Facility Quarantine နေရာ၌ တစ်ညအိပ်ရပ်နားပြီးနောက် ဖလမ်းမြို့သို့ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိရန် ယနေ့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
Oct 08,2020
ချင်းပြည်နယ်၊ဟားခါးခရိုင်၊ထန်တလန်မြို့၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲ (၁၀၅) ဦးအား အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ပြီး မဲရုံလုံခြုံရေးဆိုင်ရာ ဆင့်ပွားသင်တန်းကို ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်းသိရသည်။
Oct 08,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်ဒေသတွင် စက်တင်ဘာလ ၂၃ ရက်မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် တောင်ကျချောင်းများမြင့်တက်လာကာ လမ်းများချောင်းရေ တိုက်စားခြင်း၊ တောင်ပြိုကျခြင်းတို့ကြောင့် လမ်းများပိတ်ဆို့ကာ လမ်းပိုင်း(၂၇)နေရာခန့် ပျက်စီးသွားပြီး ထိုလမ်းပေါ်ရှိ တံတားနှစ်စင်းမှာလည်း ရေမျောပါသွားကြောင်း သိရသည်။
Oct 08,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ခိုင်ကမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ကုန်တင်ယာဉ်များသွားလာရာတွင် စံသတ်မှတ်ချက် (Standard Operating Procedure-SOP) တွင် ပါဝင်သည့်အတိုင်း ကုန်တင်ယာဉ်များ၊ ကုန်ပစ္စည်းလာရောက်ပို့ဆောင်ကြမည့် ကုန်တင်ယာဉ်များအားလုံး၏ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များသည် ကိုဗစ်-၁၉ ရောဂါပိုးမရှိ (Negative)ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ (၂)ပတ်အတွင်း ထုတ်ပေးထားသည့် ထောက်ခံချက်(လိုင်စင်ဓာတ်ပုံ)ပါရှိမှသာ ဖြတ်သန်းသွားလာခွင့်ပြုကြောင်း သိရသည်။