Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
မင်းတပ်မြို့၌ တတိယအကြိမ် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေး
Nov 26,2022
ချင်းပြည်နယ်၊ မင်းတပ်မြို့၌ ဒေသခံပြည်သူများ နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် တစိတ်တဒေသ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်မြတ်ထွန်းနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များကို လက်ရှိပေါက်ဈေး၏ ၂၀/% လျှော့၍ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန် ယနေ့နံနက် ၈ နာရီခွဲ အချိန်က စံပြ ရပ်ကွက်ရှိ မြို့မဈေးရှေ့တွင် ရောင်းချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သူများအား ဂုဏ်ပြုပွဲအခမ်းအနား ပြုလုပ်
Oct 02,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊နန်းယွန်းမြို့၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သူများအား ဂုဏ်ပြု ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က နန်းယွန်းမြို့ အထကကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "ဇာတိမာန်"တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်သည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့နယ်၌ ကျေးရွာတွင်းလမ်းဖွင့်ပွဲကျင်းပ
Sep 04,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေတို့ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည့် ပင်စုံကျေးရွာအုပ်စု၊ မန်းဦးကျေးရွာ၌ ကျေးရွာအတွင်း သဲဗြုန်းလမ်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ လမ်းမုခ်ဦး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုကိုးကျွန်းမြို့နယ်၌ ကိုဗစ်-ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပေး
Aug 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်င်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် Covid-19 ရောဂါ ကာကွယ်ဆေးကို ယနေ့တွင် ကိုကိုးကျွန်းမြို့နယ်ရှိ ဒေသခံပြည်သူများနှင့် ပြည်သူလူထုအား မြို့နယ်ခန်းမ၌ အသက်(၄၀)နှစ်မှ အသက်(၆၄)နှစ်အထိ တတိယအကြိမ် ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံခြင်းကို ဦးတည်အုပ်စုများ သတ်မှတ်ပြီး တပ်မတော်မှ ဆေးအဖွဲ့များ ပြည်သူ့ဆေးရုံမှ မြို့နယ်ဆရာဝန်နှင့် သူနာပြုများ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများမှ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းခြင်း သွေးပေါင်ချိန်တိုင်းခြင်း အခြား အထွေထွေရောဂါများကို စမ်းသပ်ပေးခဲ့ပြီး ဆေးထိုးပြီး သူတိုင်းကိုလဲ မိနစ်(30)ခန့် စောင့်ကြည့်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခေါင်လန်ဖူးမြို့၌ တက္ကသိုလ်၀င်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသူ/သား များနှင့် ဆရာ ဆရာမများအား ဂုဏ်ပြုချီးမြှင့်
Jul 16,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်သည် မြန်မာနိုင်ငံမြောက်ဖျားပိုင်းတွင် တည်ရှိ၍ ဝေးလံခေါင်သီပြီး ပညာရေးတွင် ဖွံ့ဖြိုးမှုအားနည်းသော ဒေသတစ်ခုဖြစ်ရာ ၂၀၂၂-ခုနှစ် မတ်လတွင် ကျင်းပပြုလုပ်ခဲ့သည့် တက္ကသိုလ်၀င်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် တက္ကသိုလ်၀င်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ကြိုးပမ်းသင်ကြား ပို့ချပေးခဲ့သော ဆရာ/မများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နံနက်(၁၀)နာရီက ခေါင်လန်ဖူးမြို့ ဂီထော့တောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုခရိုင်၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက်၂၀၂၂-ခုနှစ် မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုး
Jun 05,2022
ကချင်ပြည်နယ်၊ ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်ရှိ လီဆူစာပေနှင့်ယဉ်ကျေးမှု ခြံ၀င်းအတွင်း ယမန်နေ့ နံနက်(၈)နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်ဦးဆောင်မှု၊ မြို့နယ်သစ်တောဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုတို့ဖြင့် သဘာ၀ပတ်၀န်းကျင် စိမ်းလန်းစိုပြေစေပြီး ဂေဟစနစ် ပိုမိုကောင်းမွန် လာစေရန်အတွက်
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်
Jun 02,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ယူခွင့် ရရှိစေရေးအတွက် ဇွန်လ ၂ ရက်နေ့ နံနက် ၉ နာရီတွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ကျောင်းတက်နေပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ အသက်(၈၅)နှစ်အထက် အဘိုး၊ အဘွား(၂၅၁)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ကြေးငွေပေးအပ်ပွဲ ကျင်းပ
May 26,2022
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိအသက်(၈၅)နှစ်အထက် သက်ကြီးအဘိုး/အဘွားများအား ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်)လများအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7
Page
8
Page
9
Page
10
Current page
11
Page
12
Page
13
Page
14
Page
15
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department