တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သတင်း
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သတင်း | May 22, 2026
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သတင်း | May 20, 2026
ပြည်ထောင်စုတရားသူကြီးချုပ် သတင်း
ဆောင်းပါးကဏ္ဍ
- Jun 01, 2026တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ပညာသင်ကြားရေးကို အလေးထားဆောင်ရွက်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် တောင်တန်းဒေသရှိ ကျောင်းသားများ ခေတ်မီပညာရေးစနစ်ကို လက်လှမ်းမီစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လာသည်ကို တွေ့ရှိရသည်။ ပညာသင်ကြားရေးကဏ္ဍတွင် သမားရိုးကျပညာသင်ကြားရေးစနစ်သာမက ဒစ်ဂျစ်တယ်နည်းပညာများကို ပေါင်းစပ်ခြင်းဖြင့် တောင်တန်းဒေသမှ ကျောင်းသားများအတွက် အင်္ဂလိပ်စာအပါအဝင် နိုင်ငံတကာဘာသာရပ်များ တတ်မြောက်မည့် အခွင့်အရေးများ ရရှိလာစေသည်။ တရုတ်နိုင်ငံ၏ ဝေးလံခေါင်ဖျားသော တောင်တန်းဒေသများရှိ ကျောင်းသားများအတွက် ဒစ်ဂျစ်တယ်နည်းပညာသည် ပညာသင်ကြားရေးတွင် အဓိကကျသော ပေါင်းကူးတံတားတစ်စင်း ဖြစ်လာသည်။
Jun 01, 2026ပြီးခဲ့သည့်ရက်ပိုင်းက ရပ်ဝေးနေ မိတ်ဆွေတစ်ဦးထံမှ အီးမေးလ်တစ်စောင် လက်ခံရရှိခဲ့သည်။ မိတ်ဆွေက ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ထဲထဲဝင်ဝင် ပါဝင်လုပ်ကိုင်နေသော လုပ်ငန်းရှင်တစ်ဦးဖြစ်ပါသည်။ မကြာခဏဆိုသလို တယ်လီဖုန်းဖြင့်လည်းကောင်း၊ စာဖြင့်လည်းကောင်း ဆက်သွယ်ကာ လုပ်ငန်းကဏ္ဍနှင့်ပတ်သက်၍ အကြံဉာဏ်နှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးလေ့ရှိသူဖြစ်ပါသည်။
Jun 01, 2026၂၁ ရာစု နည်းပညာနှင့် သတင်းအချက်အလက် ခေတ်ရေစီးကြောင်းအတွင်း မှီတင်းရှင်သန်နေကြသော ယနေ့ခေတ် ဆယ်ကျော်သက်လူငယ်လူရွယ်များအတွက် အသိပညာ၊ အတတ်ပညာထက်မြက်ရုံမျှဖြင့် စစ်မှန်သော ဘဝအောင်မြင်မှုကို မပိုင်ဆိုင်နိုင်တော့ပါ။ ဒစ်ဂျစ်တယ်ကွန်ရက်များဖြင့် တစ်ကမ္ဘာလုံးချိတ်ဆက်ထားသည့် ယနေ့ခေတ်တွင် မိမိ၏ပတ်ဝန်းကျင်နှင့် ထိရောက်ပြေပြစ်စွာ ဆက်သွယ်ပြောဆိုနိုင်မှုနှင့် နှိမ့်ချသိမ်မွေ့သော ကိုယ်အမူအရာတို့သည် ဘဝခရီးလမ်းကို ပွင့်လန်းစေမည့် အဖိုးမဖြတ်နိုင်သော သော့ချက်များ ဖြစ်လာပါသည်။ ထို့ကြောင့် လူငယ်များအနေဖြင့် စာသင်ခန်းအတွင်း၌သာမက နေ့စဉ်အိမ်တွင်းလူမှုဘဝမှစ၍ ယဉ်ကျေးချိုသာသော နှုတ်ထွက်စကားနှင့် စံပြအမူအကျင့်များကို လေ့ကျင့်ပျိုးထောင်သွားကြရန် လိုအပ်လှသည်။
Jun 01, 2026ကျွန်တော်တို့မြန်မာနိုင်ငံဟာ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ အဲဒီအချိန်က နိုင်ငံတော်ကိုတာဝန်ယူခဲ့တဲ့ NLD အစိုးရအဖွဲ့ဟာ ၎င်းတို့ပါတီရဲ့အာဏာ ဆက်လက်တည်တံ့ရေးအတွက် ရွေးကောက်ပွဲပြုလုပ်ချိန်မှာ မဲမသမာမှုပေါင်းများစွာကို ပြုလုပ်ခဲ့ပြီး နိုင်ငံတော်ရဲ့အာဏာကို အဓမ္မ နည်းလမ်းဖြင့် ဆက်လက်ရယူဖို့ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြတယ်။ ဒီလိုလုပ်ဆောင်ခြင်းကြောင့် တပ်မတော်အနေနဲ့ နိုင်ငံတော်တာဝန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်ခဲ့ရတယ်။
Jun 01, 2026မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းတွင် နို့စား နွားမွေးမြူရေးသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ယခင်က နို့စားနွားမွေးမြူရေးကို မိသားစုသုံး နို့ရရှိရေးအတွက်သာ ရိုးရာနည်းလမ်းများဖြင့် မွေးမြူခဲ့ကြသော်လည်း ယနေ့ခေတ်တွင် လူဦးရေတိုးပွားလာခြင်း၊ မြို့ပြဖွံ့ဖြိုးလာခြင်းနှင့် အာဟာရပြည့်ဝသော အစားအစာလိုအပ်ချက် မြင့်တက်လာခြင်းတို့ကြောင့် နို့နှင့် နို့ထွက်ပစ္စည်းများ၏ လိုအပ်ချက်မှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာလျက်ရှိပါသည်။ နှစ်စဉ်ပြည်ပမှ နို့နှင့် နို့ထွက်ပစ္စည်း (နို့မှုန့်၊ နို့ဆီ၊ နို့စိမ်းနှင့် အသင့်စားနို့ထွက်ပစ္စည်း) ဒေါ်လာသန်း ၆၀ မှ ၁၀၀ ကျော်ဖိုးအထိ တင်သွင်းနေရပါသည်။ ထို့ကြောင့် နို့စားနွားမွေးမြူရေးကို ရိုးရာမွေးမြူမှုစနစ်မှ ခေတ်မီသိပ္ပံနည်းကျ စီးပွားဖြစ်မွေးမြူရေးစနစ်သို့ ပြောင်းလဲတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။
May 31, 2026ငွေသားမဲ့ စီးပွားရေးအဆောက်အအုံ (Cashless Economy) ဆိုသည်မှာ ငွေကြေးအပေးအယူများကို ငွေစက္ကူ၊ ငွေအကြွေစေ့များ အသုံးပြုခြင်းမရှိဘဲ အီလက်ထရောနစ်နည်းလမ်းဖြင့် ဒစ်ဂျစ်တယ်အချက်အလက်များကို အသုံးပြုလုပ်ဆောင်နေသည့် စီးပွားရေးအဆောက်အအုံဟုဆိုရမည်။
နောက်ဆုံးရသတင်းများ
10 Aug 19
11 Feb 20
17 Feb 20
17 Feb 20
