ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ မြို့နယ်နေပြည်သူများ စာပေမှတစ်ဆင့် အသိပညာဗဟုသုတ တိုးပွားရရှိစေရေးရည်ရွယ်၍ စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်စာကြည့်တိုက်ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခနောင်တို အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်

မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် ခါသင်္ကြန်အကြောင်းသိကောင်းစရာဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၁၀)နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ မောင်မြင့်ကြည်(စာပေဗိမာန်)၏ အောင်မြင်သော စကားလက္ခဏာများ စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၁)နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပသည်။

ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ ပုံတူပန်းချီ​ရေးဆွဲနည်းပြိုင်ပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ကလေးငယ်များ ဖိတ်ခေါ်၍ ပုံတူပန်းချီရေးဆွဲနည်းပြိုင်ပွဲ ပြုလုပ်‌ခြင်းကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။

ညောင်တုန်းမြို့၌Fitness Danceအခြေခံသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ Fitness Danceအခြေခံသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉နာရီခွဲအချိန်က လူထုအ‌ခြေပြုပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် "ပြည်သူတွေကိုသိစေချင်တဲ့ ပြည်သူ့နီတိ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း Book Club အဖွဲ့ဝင်များ၊ စာဖတ်ဝါသနာရှင်များပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာ ပီတိ(ပေကြီး) ရေးသားသည့် "ပြည်သူတွေကိုသိစေချင်တဲ့ ပြည်သူ့နီတိ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် "လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်" အသိပညာပေး Talk Show ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးအန္တရာယ်မှကင်း‌ဝေးစေရန်ရည်ရွယ်၍ မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးနှင့်ပူးပေါင်းကာ "လူငယ်နှင့်မူးယစ်ဆေး ဝါးအန္တရာယ် " အသိပညာပေး (Talk Show) ကိုယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

ဒေးဒရဲမြို့နယ် လုထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကဗျာရေးသားနည်းသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး၊ ဗလငါးတန်ပြည့်စုံသော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကဗျာရေးသားနည်းသင်တန်းကို ယမန်နေ့ ညနေ (၃)  နာရီအချိန်ကစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကွမ်း၊ ဆေးလိပ်အန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ပြသ

ကျောင်းသား၊ လူငယ်များအနေဖြင့် ကွမ်း၊ ဆေးလိပ်အန္တရာယ်ကို သိရှိရှောင်းရှားနိုင်ပြီး ကွမ်း၊ ဆေးလိပ် အန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်၍ ကွမ်း၊  ဆေးလိပ်အန္တရာယ်အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက် ၉ နာရီက အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြသဆောင်ရွက်ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ