ဒေးဒရဲမြို့နယ် လုထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကဗျာရေးသားနည်းသင်တန်းဖွင့်လှစ်

ဒေးဒရဲ ဧပြီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး၊ ဗလငါးတန်ပြည့်စုံသော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကဗျာရေးသားနည်းသင်တန်းကို ယမန်နေ့ ညနေ (၃)  နာရီအချိန်ကစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်၍ ဆရာဦးအေးမင်းသူက ကဗျာရေးသားရာတွင် ပါဝင်ရမည့် အခြေခံအချက်များနှင့် ရေးသားနည်းများကို သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါသင်တန်းကို ၂၀၂၃ ခုနှစ် ဧပြီလ(၃) ရက်နေ့မှ (၇)ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများအချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ကျန်းမာကြံ့ခိုင်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် စာစီစာကုံးရေးသားနည်း၊ ကဗျာရေးသားနည်းနှင့် လက်ဝှေ့သင်တန်းများကို အခမဲ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း