ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ပုလောမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အလုပ်နှင့်တန်ဖိုး အသိပညာပေး Talk Show ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အလုပ်နှင့်တန်ဖိုး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းမြို့တွင် နွေရာသီကျောင်းပိတ်ရက် ကလေးငယ်များဉာဏ်ရည်ဖွံ့ဖြိုးရေးတိုးတက်ရေး စကားပုံဆက်ပြိုင်ပွဲကျင်းပ

စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက် ကလေးငယ်များ အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတက်စေရန်၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်၊ အချင်းချင်းစည်းလုံးညီညွတ်မှုရှိကာ ပူးပေါင်းဆောင်ရွက်တက်သည့် အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

နွားထိုးကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ မိုးခေါင်ရေရှားဘေး အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ မိုးခေါင်ရေရှားဘေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ပို့ချခဲ့သော အခြေခံပန်းချီရေးဆွဲနည်းနှင့် English Grammar သင်တန်းများမှ ထူးချွန်ဆုများချီးမြှင့်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ပို့ချလျက်ရှိသော အခြေခံပန်းချီရေးဆွဲနည်းနှင့် English Grammar သင်တန်းများဆင်းပွဲနှင့်ထူးချွန်ဆုများချီးမြှင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါသင်တန်းခန်းမတွင် ပြုလုပ်သည်။

စမ်းချောင်းမြို့နယ်၌ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်း မြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်လေးများ၏ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကလေးငယ်များ၏ တီထွင်ဖန်တီးမှုစွမ်းရည်များ မြင့်မား တိုးတက်လာစေရန်၊ ပန်းချီပညာနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး တန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မတ်လ(၃၁) မွန်းလွဲ(၂)နာရီအချိန်က စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ်Community Centre ခန်းမ၌ သိုးမွှေးချည်ထိုးနည်း (အခမဲ့) သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်းသည့် သိုးမွှေးချည်ထိုးနည်း (အခမဲ့) သင်တန်းကို ယနေ့နံနက် (၁၀)နာရီက သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနCommunity Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဇမ္ဗူသီရိမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်း ကျင်းပ

စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့် အတွေးအမြင် ဗဟုသုတများကို စာဖတ်သူ အချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ ဟန်ညွန့်(ယဉ်ကျေးမှု) ရေးသားသည့် “ဘုံဆိုင်ရှေ့အလှူခံ” စာအုပ်ဖြင့် ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိ မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌   စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အကြောင်း သိကောင်းစရာအသိပညာပေး Talk Show ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။

မင်းလှမြို့တွင် စာဖတ်ဝိုင်းပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Center)ခန်းမ၌ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် ပျော်ရွှင်နိုင်ပါစေ စာအုပ်ဖြင့် ယနေ့မွန်းလွဲ ၁ နာရီချိန်က ပြုလုပ်ခဲ့သည်။

ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မူလတန်းအရွယ် ကျောင်းသား၊ ကျောင်းသူများအား ပုံတူပန်းချီပြိုင်ပွဲပြုလုပ်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အနာဂတ်၏ မျိုးဆက်သစ်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးနှင့် အခြေခံပန်းချီရေးဆွဲရာတွင် အထောက် အကူဖြစ်စေရန်အတွက် ရည်ရွယ်၍ မူလတန်းအရွယ် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ပုံတူပန်းချီပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ