ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် (၄၄၀)ကျော်တို့အတွက် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝန်ထမ်းများ နေထိုင်စားသောက်မှုအဆင်ပြေစေရေး ထောက်ပံ့ပေးအပ်မှုများကို အခါအားလျော်စွာ ဆောင်ရွက်ပေးလျက်ရှိရာ ယခုနှစ် ၂၀၂၄ ခုနှစ်အတွင်း (၄)ကြိမ်မြောက်အဖြစ် စက်တင်ဘာ ၃ ရက် နံနက် ၈ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်(၄၄၀)ကျော်တို့အတွက် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။