ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကချင်ပြည်နယ် မသန်စွမ်းသူများအခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

ကချင်ပြည်နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်း‌ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ပန်းတိုင်ရည်မှန်းချက်ရရှိရေး၊ အားနည်းချက်/ အားသာချက်များနှင့် လိုအပ်ချက်များကို ပူးပေါင်းဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉)နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားသည်။

မြစ်ကြီးနားမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိခန်းမ၌ ကျောင်းသားလူငယ်များ စာပေအသိပညာ ဗဟုသုတ ကြွယ်ဝစေရေးနှင့် စာဖတ်သည့် အလေ့အထ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို သြဂုတ် ၂၂ ရက် နံနက် ၉ နာရီက ကျင်းပရာ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထက်က အဖွင့်အမှာစကားနှင့် လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ကချင်ပြည်နယ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြည်နယ်အဆင့်ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ်အတွင်း (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြည်နယ်အဆင့်ပြိုင်ပွဲကို ဘာသာရပ်အလိုက်၊ ပြိုင်ပွဲအမျိုးအစားအလိုက် စုံလင်စွာဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များမှ ရေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်များထောက်ပံ့

ကချင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ဇွန် ၃၀ ရက်နေ့နှင့် ဇူလိုင် ၁ ရက်နေ့တို့တွင် ဧရာဝတီမြစ် ဝှမ်းအထက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့တွင် ရေကြီးနစ်မြှုပ် မှုများဖြစ်ပေါ်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး အတွက် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိရာ သြဂုတ် ၂၁ ရက် နံနက်ပိုင်းက မြစ်ကြီးနား နှင့် ဝိုင်းမော်မြို့နယ်များအတွင်းရှိ ရေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက် ပံ့ပေးအပ်ခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ရေကြီးရေလျှံမှုကြောင့် မြစ်ကြီးနားမြို့ မြစ်ရေဝင်ရောက် ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေး တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့သည် ယခုနှစ် ဇွန် ၃၀ ရက်နေ့နှင့် ဇူလိုင် ၁ ရက်နေ့တို့တွင် မြစ်ရေသည် စံချိန်တွင်ကြီးမြင့်မှုဖြစ်ပေါ်ခဲ့ရာ မြို့ပေါ်ရပ်ကွက်များအားလုံးနီးပါး ရေဝင်နစ်မြှုပ်ခဲ့မှုဖြစ်ပေါ်ခဲ့သဖြင့် အလားတူဖြစ်ရပ်မျိုးမဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကွင်းဆင်းစစ်ဆေးလေ့လာရေးအဖွဲ့ဝင်များနှင့် ကြိုတင်ကာကွယ်သွားမည့် လုပ်ငန်းအစီအမံများကို ယနေ့နံနက် ၉ နာရီခွဲက ဧရာဝတီဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ချီဖွေမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ချီဖွေမြို့နယ်၊ ရစ်လော်ခေါင်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်း သား/ ‌ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို သြဂုတ် ၁၆ ရက် နံနက် ၁၁ နာရီက အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ပြည်နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲသို့ တက်ရောက်

မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်‌ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူနိုင်ရေးအတွက် ပြည်နယ်သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီကကြီးမှူး၍ ပြည်နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို သြဂုတ် ၁၉ ရက် နံနက် ၉ နာရီက ပြည်နယ်ပြည်သူ့ အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ရေကြီးနစ်မြှုပ်မှုမှ ကာကွယ်နိုင်ရေးကမ်းထိန်းနံရံ၊ ရေထိန်းတံခါးများနှင့် ကမ်းပတ်တာရိုးလမ်းများမြင့်တင်နိုင်ရေး ကွင်းဆင်းလေ့လာစစ်ဆေးရေး အဖွဲ့ဝင်များနှင့် ဧရာဝတီမြစ်ရေ အဓိကဝင်ပေါက်နေရာများအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အတွင်း နှစ်စဉ်မိုးရာသီတွင် ဧရာဝတီအထက်ပိုင်း မြစ်ဝှမ်းတစ်လျှောက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ကြီးနားမြို့၌ ရေကြီးနစ်မြှုပ်မှုဖြစ်စဉ်များဖြစ်ပေါ်လေ့ရှိရာ မြို့ရေကြီးနစ်မြှုပ်မှုဖြစ်စဉ်မှ ကာကွယ်နိုင်ရေး၊ စံချိန်တင်မြင့်တက်မှုကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ လျော့ချနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်န်သည် နေပြည်တော်မှ စေလွှတ်ခဲ့သည့် ကွင်းဆင်းလေ့လာစစ်ဆေးရေးအဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကမ်းတစ်လျှောက် အဓိကရေဝင်ပေါက်နေရာများကို သြဂုတ် ၁၇ ရက်နှင့် ၁၈ ရက်များတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)၏ မိုးရာသီအမျိုးသား၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်အားပေးဆုချီးမြှင့်

ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မိုးရာသီကျောင်းတွင်း အမျိုးသား/ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်၊ ငြိမ်းချမ်းသာယာအားကစားရပ်ဝန်းအတွင်းရှိ ငြိမ်းချမ်းသာယာ ဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်သည်။
Subscribe to ကချင်ပြည်နယ်