ကချင်ပြည်နယ်

တနိုင်းမြို့နယ်၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲများ ဆက်လက် ဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက ဆွတ်ငိုင်ရပ်ကွက်ရှိ နာဂနှစ်ခြင်းအသင်းတော် ဘုရားကျောင်း၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ချီဖွေခရိုင်အတွင်း အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးရေး၊ လိမ္မော်သီးနှံပင်များ တိုးမြှင့်စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားနိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ကချင်ပြည်နယ်၊ ချီဖွေမြို့အား ခရိုင်မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေပြီး ဒေသတွင်းစိုက် ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးတက်မြှင့်မားစေရေးနှင့် နေရပ်စွန့်ခွာမိသားစုများ ရွှေ့ပြောင်းနေရာ ချထားပေးနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇွန် ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် တာဝန်ရှိသူများနှင့်အတူ ချီဖွေမြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မြစ်ကြီးနားမြို့၌ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး သက်မွေးပညာ သင်တန်းများ ဆက်လက်ဖွင့်လှစ်ပေးသွားမည်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက်ရှိ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှ ဒေသခံတိုင်းရင်းသား/သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိရေး သက်မွေးပညာသင်တန်းများ ဆက်လက် ဖွင့်လှစ်ပေး သွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစီစီက ပြောကြားသည်။

အတွေ့အကြုံရှင်းလင်းပွဲနှင့် ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား မိုးညှင်းတက္ကသိုလ်တွင် ကျင်းပ

ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် မူးယစ်ဆေးဝါး ကြိုတင်ကာကွယ်ရေး လုပ်ငန်းအစီအစဉ်ဆိုင်ရာ လူငယ်ကွန်ယက်သို့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သော ကျောင်းသား တစ်ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် SEA GAMES ပြိုင်ပွဲ၌ ဗိုဗီနမ်အားကစားပြိုင်ပွဲတွင် တတိယဆုများရရှိခဲ့သော ကျောင်းသူတစ်ဦးတို့၏ အတွေ့အကြုံ ရှင်းလင်းပွဲနှင့် ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီက ကချင်ပြည်နယ် မိုးညှင်းတက္ကသိုလ် ရတနာခန်းမ၌ ကျင်းပသည်။

တနိုင်းမြို့နယ်၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကို ဇွန်လ (၁၁) ရက် မွန်းလွဲ (၁) နာရီက ဒူးကောင်းရပ်ကွက်၊ အေဂျီဘုရားကျောင်း၌ ကျင်းပ ပြုလုပ်ရာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇင်မင်းထက်က အဖွင့်အမှာ စကားပြောကြားခဲ့ သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မူးယစ်ကင်းစင်သင်တန်းကျောင်းများ စုပေါင်းမိတ်သဟာယအဖွဲ့၏ အမျိုးသားဘောလုံးပြိုင်ပွဲကို တက်ရောက်ဖွင့်လှစ်အားပေး၊ မြို့တွင်းရေနှုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်ရေး ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မူးယစ်ကင်းစင်သင်တန်းကျောင်းများ စုပေါင်းမိတ်သဟာယအဖွဲ့၏ စတုတ္ထအကြိမ်မြောက် သင်တန်းကျောင်း များရှိ သင်တန်းသားများအတွက် ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပူးပေါင်းကျင်းပသည့် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ပြည်နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေးသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စစ်မှုထမ်းဟောင်းရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာချန်ဖွမ်နှင့် မြန်မာ နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့အား သီးခြားစီတွေ့ဆုံ၍ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းမျ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စစ်မှုထမ်းဟောင်းရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာချန်ဖွမ်၊ မြန်မာ နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် အဖွဲ့ဝင်များအား ဇွန် ၁၀ ရက်နေ့တွင် ပြည်နယ် အစိုးရအဖွဲ့ရုံး၌ သီးခြားစီတွေ့ဆုံ၍ ပြည်နယ်အတွင်း နယ်စပ်ကုန်သွယ်ရေးဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်‌ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး ပွဲတော်ကို မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း တက္ကသိုလ် ဖူဆယ်အားကစားကွင်းအနီး မြေကွက်လပ်၌ ဇွန်လ ၁၀ ရက် နံနက် ၇ နာရီခွဲက ကျင်းပ ပြုလုပ်ခဲ့ကြသည်။

ပူတာအိုခရိုင်၌ ၂၀၂၃-ခုနှစ် ဒေသစိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အကျိုးပြုမိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး

ကချင်ပြည်နယ်၊ ပူတာအိုတွင် သစ်တောဦးစီးဌာနကကြီးမှူးကျင်းပသော ၂၀၂၃-ခုနှစ် ဒေသစိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကျိုးပြု မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန် (၁၀) ရက် နံနက် (၇) နာရီက ပူတာအို-မချမ်းဘော-နောင်မွန်းကားလမ်းပေါ်ရှိ ပူတာအိုမြို့နယ် ဆာရ်ခွမ်ဒမ်းကျေးရွာအုပ်စု ဂျူဗလီကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းဝင်း၌ ကျင်းပသည်။

ဖားကန့်မြို့နယ်တွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် မြို့မိမြို့ဖများ စုပေါင်း၍ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ယနေ့နံနက် (၈)နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးဝင်း၌ ကျင်းပသည်။
Subscribe to ကချင်ပြည်နယ်