တနိုင်းမြို့နယ်၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲဆောင်ရွက်

တနိုင်း ဇွန် ၁၂

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကို  ဇွန်လ (၁၁) ရက် မွန်းလွဲ (၁) နာရီက  ဒူးကောင်းရပ်ကွက်၊ အေဂျီဘုရားကျောင်း၌ ကျင်းပ ပြုလုပ်ရာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇင်မင်းထက်က အဖွင့်အမှာ စကားပြောကြားခဲ့ သည်။

ထို့နောက် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်ပြုံးချို က မိုးတွင်းကာလတွင် အဖြစ်များတက်သော ရောဂါပိုးများနှင့် ကူးစက်ရောဂါများနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာ‌ပေးဟောပြောပြီး မြို့နယ်မီးသတ်ဦးစီး အရာရှိ ဦးအောင်ဇော်ဝင်းက မီးဘေး အန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများ သိသင့်သိထိုက်သည်များ အား အသိပညာပေးဟောပြောကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီး အရာရှိ ဒေါ်ဝါဦးက စာဖတ်ချင်း၏ အကျိုး‌ကျေးဇူးများအကြောင်း အသိပညာပေး ဟောပြောခဲ့ကြ ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာ‌သည့် ပြည်သူများအား ကျန်းမာရေးအသိပညာပေးလက်ကမ်း စာစောင်များနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာ ပေး  လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပိုင်ထွန်း(တနိုင်း)