ကချင်ပြည်နယ်

မိုးကောင်းမြို့၌ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ကျင်းပပြုလုပ်သော ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို မိုးကောင်း-ပင်းခါးကျေးရွာသွား ကားလမ်းဘေးရှိ ခ.လ.ရ (၇၄)စစ်တပ်ဂိတ်အနီး၌ ယနေ့နံနက်(၇)နာရီတွင် ပြုလုပ်သည်။

တနိုင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ၂၀၂၃ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ယနေ့နံနက်(၈)နာရီက လမုန်ကျေးရွာ၊ လီဒိုလမ်းမကြီးလမ်းဘေးဝဲ/ယာ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

မံစီမြို့နယ်၌ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ကောင်ရာရပ်ကွက် မံစီ(မြို့မ)သစ်တောပျိုးဥယျာဉ်အနီး၌ ဇွန် ၁၀ ရက် နံနက် ၇ နာရီ ၃၀ မိနစ်က မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်က မြို့နယ်သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်ကျော်စိုးက လွဲပြောင်းပေးအပ်ခဲ့သည့် သစ်ပျိုးပင်များကို လက်ခံခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သစ်ပျိုးပင်များကို တက်ရောက်လာသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများထံသို့ ပြန်လည်ဖြန့်ဝေပေးခဲ့ပြီး ကျွန်း (၅၀၀)ပင်၊ ပျဉ်းကတိုး (၃၀၀)ပင်၊ ကညင်(၅၀)ပင်၊ မန်ဂျန်ရှား (၅၀)ပင်၊ ပိတောက် (၁၀၀)ပင် စသည့် သစ်ပျိုးပင်ပေါင်း (၁၀၀၀) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

မိုးမောက်မြို့နယ်၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်မှုဖြင့် မိုးရာသီမိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီခန့်က အလင်းကောင်ရပ်ကွက် အောင်လောင်းတော နေရာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ပြည်နယ်အတွင်း မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော်များတွင် ဖြန့်ဝေစိုက်ပျိုးသွားမည့် ပျိုးပင်များနှင့် ဝါးစိုက်ပျိုးပွဲတော်ကျင်းပနိုင်ရေး ဝါးပျိုးပင်များ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေး

၂၀၂၃ ခုနှစ် ကချင်ပြည်နယ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များတွင် စိုက်ပျိုးသွားမည့် အရိပ်ရ နှစ်ရှည်ပင်များ ပျိုးထောင်စိုက်ပျိုးမှုနှင့် ဝါးစိုက်ပျိုးပွဲတော် ကျင်းပနိုင်ရေးအတွက် ဝါးပျိုးပင်များ စိုက်ပျိုးထားရှိမှု တို့ကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ကွင်းဆင်း စစ်ဆေးခဲ့သည်။

အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(မိုးညှင်း)၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(မိုးညှင်း)၌ မြို့နယ်သစ် တောဦးစီးဌာန၏ အစီအစဉ်ဖြင့် ၂၀၂၃ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၇)နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့တွင် ၂၀၂၃ ခုနှစ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဗန်းမော်မြို့တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးအတွက် ၂၀၂၃ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန်လ ၁၀ ရက် နံနက် ၇ နာရီခွဲက နည်းပညာတက္ကသိုလ်(ဗန်းမော်)၌ ပျိုးပင်ပေါင်း(၁၂ဝဝ)ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နည်းပညာတက္ကသိုလ်(ဗန်းမော်)မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ဆဒုံးမြို့၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၈၇.၁၀)ရာခိုင်နှုန်း အောင်မြင်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့၊ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ၂၀၂၃ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၃၁)ဦး ဝင်ရောက်ဖြေဆိုရာ အောင်မြင်သူ(၂၇)ဦးရှိကြောင်း သိရသည်။

မိုးမောက်မြို့၌ RC ယာယီ တိမ်းရှောင်စခန်းသို့ ထောက်ပံ့ကြေးပေးအပ်

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် ဗန်းမော်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ဌေး တို့ပူးပေါင်း၍ ကြေးနန်းရပ်ကွက်ရှိ RC ယာယီ တိမ်းရှောင်စခန်းမှ မံပုံကျေးရွာအုပ်စု၊ ပီမိုးညှင်း ကျေးရွာသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် မိသားစုဝင်များအတွက် ထောက်ပံ့ကြေး ပေးအပ်ခြင်းကို ဇွန်လ  ၉  ရက် နံနက် ၁၀ နာရီခန့်တွင် လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် မြစ်ကြီးနားခရိုင်မှ ကျောင်းသား/ကျောင်းသူ (၂၅၉၀)ဦး ဖြေဆိုအောင်မြင်

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံးနှင့် စာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်ခဲ့ရာ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်မှ ကျောင်းသား/ကျောင်းသူ (၃၅၀၉)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၂၅၉၀) ဦး အောင်မြင်ခဲ့သဖြင့် အောင်ချက်ရာခိုင်နှုန်း (၇၃ ဒဿမ ၈၁) ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
Subscribe to ကချင်ပြည်နယ်