ကချင်ပြည်နယ်

ကချင်ပြည်နယ်ကုသရေးဦးစီးဌာနအတွက် AHA Centre မှ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တစ်ဆင့် ဆေးရုံသုံးစက်ကိရိယာပစ္စည်းများ ပေးအပ်လှူဒါန်း

ကချင်ပြည်နယ် ကုသရေးဦးစီးဌာနအတွက် AHA Centre (ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ညှိနှိုင်းရေးဌာန)မှ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တစ်ဆင့် ဆေးရုံသုံးစက်ကိရိယာပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ရာ ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်ပြည်သူ့ဆေးရုံ၌ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ပြည်နယ်ကုသရေး ဦးစီးဌာနထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ပထမဆုံးအကြိမ် ၂၀၂၃ ခုနှစ်၊ မိုးရာသီ စုပေါင်း ဝါးစိုက်ပျိုးပွဲတော်နှင့် “ဖြိုးဝေဝေ” စက္ကူနှင့် စာအုပ်ထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်၏ တစ်ရှူးစက္ကူစက်နှင့် ပျော့ဖတ်လိုင်းစက်သစ်ဖွင့်ပွဲသို့ တက်ရောက်

ကချင်ပြည်နယ်အတွင်း ဝါးစိုက်ပျိုးမှုနှင့် ဝါးထုတ်ကုန်ပစ္စည်းများ ပိုမိုတိုးတက်မြှင့်မားစွာ ထုတ်လုပ်နိုင်ရေးအတွက် ပထမဆုံးအကြိမ်အဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၃ ခုနှစ် မိုးရာသီ စုပေါင်းဝါးစိုက်ပျိုးပွဲတော်ကို ဇွန် ၁၅ ရက် နံနက် ၇ နာရီခွဲက ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာ အုပ်စု၊ နန့်ဝါကြိုးသစ်တောကြိုးဝိုင်းအတွင်းရှိ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း၏ ဝူယန်ဝေယင်စိုက်ခင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ချီဖွေမြို့နယ်၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၌ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်လဖိုင်နန်ဆိုင်းက ခရိုင်၊မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်းမှဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များနှင့်တွေ့တွေ့ဆုံ၍ ထောက်ပံ့ငွေများပေးအပ်

ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်လဖိုင်နန်ဆိုင်းသည် ဇွန် (၁၂) ရက်နေ့ ညနေပိုင်း (၃) နာရီတွင်ချီဖွေမြို့နယ်၊ လဗျူဟိုတယ်၌ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်းမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအား တွေ့ဆုံခဲ့ကြောင်း သိရသည်။

ချီဖွေမြို့နယ်၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဗန်းမော်ခရိုင်Community Centre ခန်းမ၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်အကြောင်း အသိပညာပေး Talk Show ဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေကူမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးများ ထဲက မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်အကြောင်း အသိပညာပေး Talk Show ကို ဇွန် ၁၅ ရက် နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ်ဟောပြောပွဲ ၊စာစီစာကုံး ပြိုင်ပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ပြည်နယ်အတွင်း ပထမဆုံးအကြိမ် ၂၀၂၃ ခုနှစ် မိုးရာသီစုပေါင်း ဝါးစိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၂၃ ခုနှစ် မိုးရာသီ ဝါးစုပေါင်းစိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်နိုင်ရေး ဝါးပျိုးပင်များ ပျိုးထောင်ထားရှိမှုနှင့် ဝိုင်းမော်မြို့နယ် မြို့မပျိုးဥယျာဉ်အတွင်း အရိပ်ရနှစ်ရှည်ပင်များ ပျိုးထောင်စိုက်ပျိုးမှု အခြေအနေများကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ချီဖွေမြို့စည်ပင်သာယာဈေး သန့်ရှင်းသပ်ရပ်ပြီး ခရိုင်မြို့အင်္ဂါရပ်နှင့် အညီ အဆင့်မြှင့်တင်ဆောင်ရွက် နိုင်ရေးနှင့် စည်ပင်သာယာရေး ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးထောက်ပံ့

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့ သန့်ရှင်းသာယာလှပပြီး ချီဖွေမြို့မဈေး သန့်ရှင်းသပ်ရပ်ပြီး ခရိုင်မြို့အင်္ဂါရပ်နှင့် အညီ ဈေးအဆင့်မြှင့်တင်နိုင်ရေးအတွက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် သည် တာဝန်ရှိသူများနှင့် အတူ ဇွန် ၁၃ ရက်နေ့ နံနက် ၇ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ ဂုဏ်ဆောင်နိုင်ခဲ့သော ကချင်ပြည်နယ်မှ မြန်မာ့လက်ရွေးစင်အားကစားသမားများအား ဂုဏ်ပြု ချီးမြှင့်၊ ပန်းမြို့တော်အကောင်အထည်ဖော်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြသည့် ကချင်ပြည်နယ်မှ မြန်မာ့လက်ရွေးစင်အားကစားသမားများအား ကချင်ပြည်နယ်အစိုးရအဖွဲ့က ဂုဏ် ပြုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန် ၁၄ ရက် နံနက် ၁၀ နာရီက ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း ရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ကြသည်။
Subscribe to ကချင်ပြည်နယ်