ကချင်ပြည်နယ်

မိုးကောင်းမြို့ Commnity Centre ခန်းမ၌ ဆည်းလည်းသံစာအုပ်ဖြင့် Book Club အဖွဲ့များ စာဖတ်ဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာရေးဆရာမ မြကြာငုံရေးသားသည့် ဆည်းလည်းသံနှင့် ရသစုံ ဝတ္ထုများစာအုပ်ဖြင့် Book Club အဖွဲ့ဝင်များက ဩဂုတ် (၁၆) ရက် နေ့လယ် (၁၁) နာရီခွဲတွင် စာဖတ်ဝိုင်းကျင်းပသည်။

ပူတာအိုမြို့၌ မြို့နယ်တိုင်းခမ်းတီစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌဖလား မိုးရာသီ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် တိုင်းခမ်းတီစာပေနှင့်ယဉ်ကျေးမှုကော်မတီကကြီးမှူး၍ ဒေသခံလူ ငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှုကို လျော့ကျလာစေပြီး အားကစားကဏ္ဍကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့်လူ ငယ်များအချင်းချင်း ချစ်ခင်ရင်းနှီးပြီး ပူးပေါင်းဆောင်ရွက်လိုစိတ် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ မြို့နယ်တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌဖလား မိုးရာသီအမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကွင်းဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်(၁၃)ရက် မွန်းလွဲ(၂)နာရီက ပူတာအိုခရိုင်ပြည်သူ့ အားကစား ကွင်း၌ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏  ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် နေရပ်ပြန်ကြမည့် ရခိုင်တိုင်းရင်းသားများအား ထောက်ပံ့ငွေများပေးအပ်ပွဲသို့ တက်ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏  ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို သြဂုတ် ၁၆ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ ကချင်ပြည်နယ်၌ ပထမဆုံး ဖွင့်လှစ်တည်ဆောက်သွားမည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း မြေနေရာသွားအဝင်လမ်း ဘေးဝဲ/ယာတွင် ကျင်းပပြုလုပ်သည်။

ဆွမ်ပရာဘွမ်မြို့တွင် ကျန်းမာရေးဌာနနှင့် NGO အဖွဲ့ပူးပေါင်း၍ ငါးနှစ်အောက်ကလေးများအား အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှု ပြုလုပ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကျန်းမာရေးဌာနနှင့် Health Poverty Action (HPA)အဖွဲ့ပူးပေါင်း၍ ငါးနှစ်အောက်ကလေးများအား အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ဘန်ရူခန်းမ၌ ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီကကျင်းပခဲ့ကြောင်း သိရသည်။

မိုးညှင်းတက္ကသိုလ်၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက တွေ့ဆုံခန်းမ၌ ကျင်းပသည်။

ဗန်းမော်မြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ သတင်းတု/သတင်းမှားများ ခွဲခြားသိမြင်နိုင်ရေး အသိပညာပေးဟောပြော

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ဗန်းမော်)တွင် ပညာသင်ကြားနေသည့် သင်တန်းသူများအား သတင်းတုသတင်းမှားများ ခွဲခြားသိမြင်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၁၇ ရက်နံနက် ၁၀ နာရီက ကချင်ပြည်နယ်၊ ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ပြည်နယ်အဆင့်အထိမ်းအမှတ် အခမ်းအနားနှင့် ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ တက်ရောက်

“ကျန်းမာပျော်ရွှင်ပညာသင်၊ စွမ်းရည်ထက်မြက် အနာဂတ်အတွက်” ဆောင်ပုဒ်ဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့တွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း/ အမှုထမ်းဝန်ထမ်း စုစုပေါင်း(၃၇၄)ဦးတို့အတွက် တတိယအကြိမ် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးလျက်ရှိရာ သြဂုတ် ၁၅ ရက် ညနေ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့တွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း/အမှုထမ်းများအား ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များအား ထောက်ပံ့ပေးအပ်ခဲ့သည်။

မိုးညှင်းမြို့၌ လူငယ်စကားဝိုင်း ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဩဂုတ်လ ၁၅ ရက်နေ့ နံနက် (၉)နာရီခွဲက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

မိုးမောက်မြို့၌ စာဖတ်ဝိုင်း ကျင်းပ      

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ မြို့နယ်အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြန်/ဆက်တို့ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ)၏ “အမွေခံတစ်ယောက် အမွေပေးသူ တစ်ရာ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို သြဂုတ်လ ၁၅ ရက် နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်