မိုးညှင်းတက္ကသိုလ်၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မိုးညှင်း ဩဂုတ် ၁၇

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက တွေ့ဆုံခန်းမ၌ ကျင်းပသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ဥပဒေအရာရှိ ဦးသန်းဌေးက အဂတိလိုက်စားမှု အဓိပ္ပာယ် ဖွင့်ဆိုချက်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဥပဒေပုဒ်မများနှင့် ပြစ်မှုပြစ်ဒဏ်များ စသည်တို့ကို အကျယ်တဝင့် ပါဝါပွိုင့်ဖြင့် ရှင်းလင်း ပြောကြားသည်။

ထို့နောက် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့သော ခရိုင်ဥပဒေအရာရှိအား တက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်က ကျေးဇူးတင် အမှတ် တရ လက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း(ပြန်/ဆက်)