ကချင်ပြည်နယ်

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရှိသန့်ရှင်းရေး၊ စိမ်းလန်းနှင့် ညစောင့်လုပ်သား(၂၄၃)ဦးတို့အတွက် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန် ပစ္စည်းများထောက်ပံ့

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရှိ သန့်ရှင်းရေးလုပ်သား၊ စိမ်းလန်း လုပ်သားများနှင့် ညစောင့်လုပ်သားများအား ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို သြဂုတ် ၁၇ ရက် ညနေ ၃ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရှိ သန့်ရှင်းရေး၊ စိမ်းလန်းနှင့် ညစောင့်လုပ်သား (၂၄၃)ဦးတို့အတွက် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရှိ သန့်ရှင်းရေးလုပ်သား၊ စိမ်းလန်းလုပ်သားများနှင့် ညစောင့်လုပ်သားများအား ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို သြဂုတ် ၁၇ ရက် ညနေ ၃ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မချမ်းဘောမြို့၌ အာဟာရရက်သတ္တပတ် လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးခြင်းနှင့် အာဟာရပြင်ဆင်ချက်ပြုတ် သရုပ်ပြပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကျန်းမာရေးအသိပညာပေးခြင်းနှင့် အာဟာရပြင်ဆင်ချက်ပြုတ် သရုပ်ပြပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မလိခအစည်းအဝေးခမ်းမ၌ ကျင်းပခဲ့သည်။

မြစ်ကြီးနားမြို့၌ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကချင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို သြဂုတ် ၁၇ ရက် မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ သီတာရပ်ကွက် အမှတ် (၁၁) အခြေခံပညာမူလတန်းကျောင်းကျောင်း စာသင်ခန်းများတွင် ဆောင်ရွက်ခဲ့သည်။

ရှင်ဗွေယန်မြို့ (Community Centre) ၌ စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများစုပေါင်း၍ (Community Centre) ခန်းမ၌ မွန်းတည့် ၁၂ နာရီခွဲက စာရေးဆရာ အောင်ကိုဦး(UMK) ရေးသားသော "လူငယ်တွေ စဉ်းစားဖို့" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

တနိုင်းမြို့ အခြေခံပညာမူလွန်-ကောင်ဂျာကျောင်းတွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို သြဂုတ်လ ၁၇ ရက်နေ့ နံနက် (၁၀) နာရီက အခြေခံပညာမူလွန်-ကောင်ဂျာကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သွင်းအားစု အီးအမ်ဘိုကာရှီ သဘာဝမြေဩဇာပြုလုပ်နည်း သင်တန်းပို့ချ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ယူ၍ ဒေသခံတောင်သူများအား စိုက်ပျိုးရေးသုံး သွင်းအားစု အီးအမ်ဘိုကာရှီ သဘာဝမြေဩဇာ ပြုလုပ်နည်း စာတွေ့လက်တွေ့သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက ဝိုင်းမော်မြို့နယ် ရပ်ကွက် (၂) ရှိ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ရုံးဝန်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုးညှင်းမြို့၌ ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေအစီအစဉ် ပြင်ဆင်ရေးဆိုင်ရာ သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ အစီအစဉ် ပြင်ဆင်ရေးဆိုင်ရာသင်တန်းကို ဩဂုတ်လ (၁၇) ရက်နေ့ မွန်းလွဲ(၂)နာရီက ၎င်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဆွမ်ပရာဘွမ်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် အသိပညာပေး ဟောပြောပွဲပြုလုပ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် သြဂုတ် ၁၇ ရက် မွန်းလွဲ ၁ နာရီခွဲက လူကုန်ကူးမှု တားဆီးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ရာ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူ (၁၂၅)ဦး တက်ရောက်ခဲ့ကြသည်။

ရွှေကူမြို့၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲများ ပြုလုပ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် နံရံကပ် စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲများကို  ယနေ့ နံနက် ၉ နာရီခွဲခန့်က ကျောင်းသားလူငယ် များဖြင့် ပျော်ရွှင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်