ကချင်ပြည်နယ်

မံစီမြို့နယ်၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ အထက်တန်းကျောင်း(မံစီ)တို့ ပူးပေါင်းကျင်း၍ ဩဂုတ် ၁၅ ရက် နံနက် ၁၀ နာရီက ဖုန်ကန်ဒူဝါခန်းမ၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ Book Club စာဖတ်ဝိုင်း ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် Book Club အသင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဗလမင်းထင် ဧက ၁၀၀ စံပြစိုက်ကွက်အတွင်းရှိ အင်ဂျန်းခချောင်း(ပင်မမြောင်း)အတွင်း ငါးသားပေါက်ကောင်ရေ (၂) သိန်းစိုက်ထည့်ပေး

ကချင်ပြည်နယ်အတွင်း ငါးစားသုံးမှုဖူလုံစေရေး၊ ငါးထုတ်လုပ်မှု တိုးတက်မြှင့်မားလာစေရေးနှင့် မိုးစပါးစိုက်တောင်သူများ အကျိုးဖြစ်ထွန်းစေရေး ရည်ရွယ်၍ မြစ်ကြီးနားမြို့ ဗလမင်းထင် ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း ပြည်နယ်ရန်ပုံငွေဖြင့် အရှည်ပေ ၁၀၀၀၀ ကျော် တူးဖော်ဆောင်ရွက်ပေးခဲ့သော အင်ဂျန်းခချောင်း(ပင်မမြောင်း)အတွင်း ငါးသားပေါက်များ စိုက်ထည့်ခြင်းနှင့် လုပ်ကွက်ငယ် ငါးမွေးတောင်သူများထံ ငါးသားပေါက်များနှင့် ငါးအစာအိတ်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါစံပြစိုက်ကွက်၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပါမောက္ခချုပ်ဖလား မိုးရာသီအားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ချီးမြှင့်

ကချင်ပြည်နယ်နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပါမောက္ခချုပ်ဖလား မိုးရာသီအားကစားပြိုင်ပွဲများဖြစ်သည့် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ကြက်တောင်နှင့်စားပွဲတင်တင်းနစ် ပြိုင်ပွဲများ၏ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို သြဂုတ် ၁၅ ရက် ညနေ ၄ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင် တက်ရောက်အားပေးချီးမြှင့်သည်။

ဖားကန့်မြို့နယ် မနမှော်တွင် မြေပြိုကျမှုကြောင့် ရေမျောနစ်မြုပ်သူများအနက် သေဆုံးရုပ်အလောင်း ၃၂ လောင်းအထိ ရှာဖွေတွေ့ရှိထား

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်၊ မန‌မှော်ရှိ မျိုးနွယ်ကုမ္ပဏီလုပ်ကွက် ကျင်းဟောင်းရေကန်တွင် မြေပြိုကျခဲ့မှုကြောင့် ရေကန်အတွင်း ရေမျောနစ်မြုပ်ပျောက်‌ဆုံးနေသော ရေမဆေးကျောက်ရှာဖွေသူများအနက် ယနေ့ မွန်းတည့် ၁၂ နာရီအထိ သေဆုံးရုပ်အလောင်း ၇ လောင်း ထပ်မံတွေ့ရှိခဲ့ရာ စုစုပေါင်း ၃၂ လောင်းအထိ ဆယ်ယူထားပြီဖြစ်ကြောင်း သိရသည်။

မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာ၌ GW-11 စပါးမျိုး စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှု

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာ ရေတွင်းကုန်းအုပ်စုရှိ ဆန်းသစ်လယ်/ထွေ သမဝါယမအသင်းမှ အသင်းသား ဒေါ်ဖြူဖြူဝင်း၏ကွင်းအမှတ် (၁၇၀) တွင် GW-11 စပါးမျိုးစိုက်ပျိုးနေမှုကို ဩဂုတ်လ (၁၄) ရက်နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့၌ သဘာဝ‌ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မနမှော်မြေပြိုကျဖြစ်စဉ်တွင် သေဆုံးသူဒဏ်ရာရရှိသူများ၏ မိသားစုဝင်များအား ထောက်ပံ့ငွေများ ပေးအပ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် သဘာဝ‌ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ် ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မနမှော်မြေပြိုကျဖြစ်စဉ်တွင် သေဆုံးသူဂဒဏ်ရာရရှိသူများ၏ မိသားစုဝင်များအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိုးကောင်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့်တောင်သူများသို့ (၁)ဧက အထွက်နှုန်းတိုးစေရန် သွင်းအားစုများနှင့် ရေကြီးရေလျှံမှုကြောင့်ပျက်စီးဆုံးရှုံးသွားသော တောင်သူများအား GW-11 မျိုးများထောက်ပံ့

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့်တောင်သူများသို့ (၁)ဧက အထွက်နှုန်းတိုးစေရန် သွင်းအားစုများနှင့် ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံး သွားသောတောင်သူများအား GW-11 မျိုးများထောက်ပံ့ပေးအပ်ပွဲကို ဩဂုတ်(၁၂) ရက်နေ့လယ် (၂)နာရီတွင် သမဝါယမဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြို့သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ မြစ်ကြီးနားတက္ကသိုလ် နှစ်(၆၀)ပြည့်နှစ် တတိယအကြိမ် အာစရိယပူဇော်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ကျောင်းသားဟောင်းများနှင့် ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ပြည်နယ်အတွင်းရှိ မြို့/ရွာများ သန့်ရှင်းသာယာ လှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၂ ရက် နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းနှင့် မနောကွင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

တနိုင်းမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ကချင်ပြည်နယ် တနိုင်းခရိုင် တနိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သြဂုတ်လ ၁၁ ရက်နေ့ နံနက် (၁၀) နာရီက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်