ကချင်ပြည်နယ်

မိုးညှင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ပန်းချီပြိုင်ပွဲ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ပန်းချီပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင် ပြပွဲများကို ယနေ့ နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

မချမ်းဘောမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား Biometric Data ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်း ဆောင်ရွက်လျက်ရှိ

ကချင်ပြည်၊ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား Biometric Data ဇီဝဆိုင်ရာ အချက်အလက်များကောက်ယူခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မလိခအစည်းအဝေးခန်းမ၌ စက်တင်ဘာလ ၁၃ရက်နေ့မှစ၍ ယနေ့ထိ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တနိုင်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေး

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် အသက် (၉)နှစ်ပြည့်ပြီး အသက် (၁၂) နှစ် မကျော်သော မိန်းကလေးမငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ကို စက်တင်ဘာ ၂၀ ရက် မွန်းလွဲ (၁) နာရီအချိန်က ကင်ဆားရာရပ်ကွက်ရှိ အခြေခံပညာ မူလွန်-တပ်နယ်ကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မံစီမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Woman Club) ၊ (Book Club) အဖွဲ့များ ပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ) ‌ရေးသားသည့် “ခေါင်းဆောင်မှု” စာအုပ်ဖြင့် ယနေ့နံနက် ၉ နာရီက စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

မိုးညှင်းမြို့နယ် အာဠဝီကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးနေမှု အခြေအနေများအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် အကောင်းအထည်ဖော် ဆောင်ရွက်လျက်ရှိသော အာဠဝီကျေးရွာ လမ်းသွယ်(၉)တွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးနေမှု အခြေအနေများကို ယနေ့နံနက် (၁၀)နာရီက တာဝန်ရှိသူများမှ သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။

မချမ်းဘောမြို့နယ်တွင် ကတန်ရှဲ(ခေါ်)ကြိမ်ဖူးများ ခုတ်ယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ ဒေသခံပြည်သူများသည် မိမိတို့ဒေသ တောတောင်ယာများတွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော ကြိမ်ပင်များမှ ရဝမ်ဘာသာစကားဖြင့် ကတန်ရှဲ (ခေါ်)ကြိမ်ဖူးများ ခုတ်ယူရောင်းချ၍ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

မြစ်ကြီးနားမြို့၌ လူကုန်ကူးမှု/လူမှောင်ခိုမှုနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

အမှတ် (၁၂) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မြစ်ကြီးနား)မှ ကြီးမှူး၍ လူကုန်ကူးမှု/လူမှောင်ခိုမှုနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ အေးမြသီတာခန်းမ၌ ကျင်းပသည်။

မြစ်ကြီးနားမြို့တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇီဝိတဒါန စုပေါင်းသွေး လှူဒါန်းပွဲကျင်းပ

၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၉) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက် ၉နာရီက မြစ်ကြီးနားမြို့ ကုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး သွေးလှူခန်းမတွင် အမှတ် (၃၀) လုံခြုံရေး ရဲတပ်ဖွဲ့ ခွဲမှ တပ်ဖွဲ့ဝင်များက ဇီဝိတဒါန စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

မိုးညှင်းမြို့နယ်အဆင့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက အရေး၊ အတီးပြိုင်ပွဲများနှင့် ဆုရရှိသူများ အား ဆုများချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၉) နာရီမှ စတင်၍ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။

(၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အကြို ပန်းချီပြိုင်ပွဲကို ဝိုင်းမော်မြို့နယ် (Community Center) ၌ ကျင်းပ

၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၉) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အကြို ပန်းချီပြိုင်ပွဲကို စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီက ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌ခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်