မိုးမောက်မြို့တွင် ကျား၊ မ အခြေပြုအကြမ်းဖက်မှုအသိပညာပေး လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့၊ အလင်းကောင်ရပ်ကွက် စည်ပင်သာယာဈေးရှေ့တွင် မိုးမောက်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျား၊ မအခြေပြုအကြမ်းဖက်မှု အသိပညာပေး လက်ကမ်းစာစောင်များကို စက်တင်ဘာ ၂၀ ရက် နံနက် ၈ နာရီက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။