ကချင်ပြည်နယ်

တနိုင်းမြို့ အ.မ.က သာယာ(၁)ကျောင်းသို့ နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်း ဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးမှူးရုံးတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မား၍ ဗဟုသုတတိုးပွားလာစေရန် ယမန်နေ့နံနက် ၁၁ နာရီ အချိန်က အခြေခံပညာမူလတန်း သာယာ(၁)ကျောင်း၌ နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ကံပိုင်တည်မြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကံပိုင်တည်မြို့တိုက်နယ်ဆေးရုံ၌ အသက် (၉)နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ်များအား ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့ကြသည်။

ဗန်းမော်မြို့တွင် မူကြိုကျောင်းများ၊ ပရဟိတဂေဟာနှင့် ဘိုးဘွားရိပ်သာများအား ထောက်ပံ့ငွေပေးအပ်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဗန်းမော်ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၁၂)ကျောင်း၊ ပရဟိတဂေဟာနှင့် ဘိုးဘွားရိပ်သာများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံး ခန်းမတွင် ကျင်းပခဲ့သည်။

မိုးညှင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်လူရွယ်များ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်အတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီ က လူထု အခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

ရွှေကူမြို့၌ အသက်(၉) နှစ်ပြည့်ပြီး (၁၂) နှစ် မကျော်သေးသော ကျောင်းသူများအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး (HPV) စတင်ထိုးနှံပေး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ အသက်(၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သေးသော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV Vaccine) ထိုးနှံခြင်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခန့်က စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့မှ ဗန်းမော်မြို့၊ အမှတ်(၁၁) စစ်မြေပြင်ဆေးတပ်ရင်းတွင် စုပေါင်းသွေးလှူဒါန်း

(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲနိုင်ဦး ဦးစီး၍ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် သီးခြားတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင် စုစုပေါင်း (၂၀)ဦးတို့သည် ယမန်နေ့ နံနက် ၉ နာရီခန့်က ဗန်းမော်မြို့၊ အမှတ်(၁၁) စစ်မြေပြင် ဆေးတပ်ရင်းတွင် စုပေါင်းသွေးလှူဒါန်းခြင်း ဆောင်ရွက်ခဲ့သည်။

ပူတာအိုဒေသတွင် သဘာဝအ‌လျောက်ပေါက်ရောက်သော “ဘေချီဉ” များအား ရှာဖွေခြင်းဖြင့် မိသားစုဝင်ငွေရရှိ

မြန်မာပြည်မြောက်ဖျားပိုင်းရှိ ကချင်ပြည်နယ်၊ ပူတာအိုဒေသတွင် ရှားပါးသည့် သဘာဝဆေးမြစ်၊ ဆေးဉများ ထွက်ရှိသည့် ဒေသဖြစ်ပြီး ပူတာအို ဒေသရေခဲတောင်များတွင် ရှီးပတီး၊ ခမ်းတောက်မြစ်၊ ရှားချီစသည့် အဖိုးတန်သဘာဝဆေးမြစ်၊ ဆေးဉများထွက်ရှိသည့်အပြင် သဘာဝ အလျောက် ပေါက်ရောက်သည့် “ဘေချီဉ” များအား အသက်နှင့်ရင်းပြီး ရှာဖွေခြင်းဖြင့် မိသားစုဝင်ငွေရှာဖွေကြ ရကြောင်း သိရသည်။

မိုးမောက်မြို့ အ.ထ.က(မိုးမောက်)၌ လူငယ်စကားဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီတွင် အ.ထ.က(မိုးမောက်) ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွမ်ပရာဘွမ်မြို့ အခြေခံပညာအထက်တန်းကျောင်း၌‌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးများ ထိုးနှံပေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာ အထက်တန်းကျောင်း၌ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ ရွှေမိုးတောင်ပေါ်၌ တည်ထားကိုးကွယ် သည့် ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ရွှေမိုးတောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းပြန်လည် ကပ်လှူနိုင်ရေး တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများမှ အလှူငွေများပေးအပ်လှူဒါန်း

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအတွင်း ဧရာဝတီမြစ်ကမ်းဘေးရှိ ရွှေမိုးတောင်ပေါ်တွင် တည်ထားကိုးကွယ်ခဲ့သည့် ရဟန္တာ တစ်ထောင်ရှင်ပင်မြတ်စွာ ရွှေမိုးတောင် စေတီတော်မြတ်ကြီး ရွှေသားရွှေစင်၊ ရွှေသင်္ကန်းပြန်လည်ကပ်လှူနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ ညနေ ၃ နာရီက တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများမှ ငွေကျပ်သိန်း ၃၀၀ လှူဒါန်းပွဲကို ရွှေမိုးတောင်စေတီတော်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
Subscribe to ကချင်ပြည်နယ်