တနိုင်းမြို့ အ.မ.က သာယာ(၁)ကျောင်းသို့ နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်း ဆောင်ရွက်
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးမှူးရုံးတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မား၍ ဗဟုသုတတိုးပွားလာစေရန် ယမန်နေ့နံနက် ၁၁ နာရီ အချိန်က အခြေခံပညာမူလတန်း သာယာ(၁)ကျောင်း၌ နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။