တနိုင်း စက်တင်ဘာ ၂၁
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် အသက် (၉)နှစ်ပြည့်ပြီး အသက် (၁၂) နှစ် မကျော်သော မိန်းကလေးမငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ကို စက်တင်ဘာ ၂၀ ရက် မွန်းလွဲ (၁) နာရီအချိန်က ကင်ဆားရာရပ်ကွက်ရှိ အခြေခံပညာ မူလွန်-တပ်နယ်ကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန သားဖွား ဆရာမ ဒေါ်ဇာဇာခိုင်က (HPV) ဗိုင်းရပ်(စ်)ပိုး ကြောင့်ဖြစ်သော သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်း၊ ရောဂါလက္ခဏာများ၊ ကာကွယ်ဆေး (HPV) ထိုးနှံမည့် အစီအစဉ်နှင့် အသက်အရွယ် သတ်မှတ်ချက်များကို အသိပညာပေး ပြောကြားပြီး အသက် (၉)နှစ်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ် (၅၇) ဦးအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။
အဆိုပါ (HPV) ကာကွယ်ဆေး ထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျောင်းအခြေပြုထိုးနှံပေးသွားမည်ဖြစ်ပြီး အောက်တိုဘာ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပြည်သူလူထုအခြေပြုထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပန်းအိ(တနိုင်း)