(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့မှ ဗန်းမော်မြို့၊ အမှတ်(၁၁) စစ်မြေပြင်ဆေးတပ်ရင်းတွင် စုပေါင်းသွေးလှူဒါန်း

ဗန်းမော် စက်တင်ဘာ ၂၂

(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲနိုင်ဦး ဦးစီး၍ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် သီးခြားတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင် စုစုပေါင်း (၂၀)ဦးတို့သည် ယမန်နေ့ နံနက် ၉ နာရီခန့်က ဗန်းမော်မြို့၊ အမှတ်(၁၁) စစ်မြေပြင် ဆေးတပ်ရင်းတွင် စုပေါင်းသွေးလှူဒါန်းခြင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ စုပေါင်းသွေးလှူဒါန်းခြင်း ဆောင်ရွက်နေမှုအား ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ရဲနိုင်ဦးနှင့် အမှတ်(၁၁) စစ်မြေပြင်ဆေးတပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ငွေစိုးထွန်းတို့မှ လာရောက်ကြည့်ရှုအားပေးခဲ့ပြီး သွေးလှူဒါန်းသူ တပ်ဖွဲ့ဝင်များအား အာဟာရဖြည့် အစားအသောက်များ ပေးဝေခဲ့ကြောင်းနှင့် ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့အနေဖြင့်  ပြည်သူ့အကျိုးပြုလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်