ကချင်ပြည်နယ်

မိုးကောင်းမြို့ Community Centre ခန်းမ၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကျပန်းစကားပြောနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန Community Centre ခန်းမ၌ (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ ကျပန်းစကားပြောနှင့်ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ဇန်နဝါရီ(၁)ရက် နံနက်(၁၀)နာရီတွင် ကျင်းပသည်။

မိုးညှင်းမြို့ စိမ်းလန်းစိုပြေသာယာလှပရေးအတွက် အဘက်ဘက်မှ ပါဝင်ကူညီကြသူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့စိမ်းလန်းစိုပြေ သာယာလှပရေးအတွက် အဘက်ဘက်မှ ပါဝင်ကူညီဆောင်ရွက်ကြသည့် ရုံးဝန်ထမ်းများနှင့် အောက်ခြေဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် မြို့နယ်စည်ပင်သာယာရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဗန်းမော်တက္ကသိုလ်၌ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးလျက်ရှိ

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ဆရာ၊ ဆရာမ၊ ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးရည်ရွယ်၍ ယနေ့နံနက် (၈) နာရီအချိန်က နမ့်ဖါးရပ်ကွက်ရှိ ဗန်းမော်တက္ကသိုလ် ကျောင်းဝင်းအတွင်း၌ ​ရောင်းချ​ပေးလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၏ (၁၂)ကြိမ်မြောက် (၂)နှစ် ဒီပလိုမာသင်တန်းဆင်းပွဲ၊ (၁၃)ကြိမ်မြောက် သင်တန်းဖွင့်ပွဲနှင့် တန်ဖဲနှစ်ခြင်းခရစ်ယာန်အသင်းတော် (၇၅)နှစ်မြောက် ယုဘိလစိန်ရတုနှင့် ဗိမ္မာန်တော် အနုမောဒနာပြုဓမ္မသဘင်ပွဲတော်သို

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၏ (၁၂)ကြိမ်မြောက် (၂)နှစ် ဒီပလိုမာသင်တန်းဆင်းပွဲနှင့် (၁၃)ကြိမ်မြောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက အဆိုပါ ဘုန်းတော်ကြီးကျောင်း သာသနာ့ဟိတဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနယကအဖွဲ့ဝင်၊ ခေမာသီဝံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒာဝရာဘိဝံသအမှူးပြုသော ဆရာတော်သံဃာတော်များ တက်ရောက်ကြသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ မြစ်ကြီးနား အမှတ်(၁)နှင့် အမှတ် (၂)ဈေးမိသားစုများ၏ ခရစ္စမတ်ဝတ်ပြုဆုတောင်းပွဲသို့ တက်ရောက်အားပေး၊ ဈေးဝန်ထမ်းများနှင့် မျက်မမြင်ကျောင်းတို့ထံ ထောက်ပံ့ပစ္စည်းများပေးအပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အမှတ်(၁)၊ အမှတ်(၂)ဈေးနှင့် ရေစင်ကွင်းဈေး မိသားစုများ၏ ခရစ္စမတ်ဝတ်ပြုဆုတောင်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ ဈေးနှစ်ဈေးခြားရှိ ‌ဈေးကြီးလမ်းမပေါ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့ တက်ရောက်အားပေးကြသည်။

တနိုင်းမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၃)နှစ်အောက်  အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီက  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာအားကစားလ နောက်ဆုံးအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ ပါဝင်ဆင်နွှဲ

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှုအဖြစ် အပတ်စဉ် စနေနေ့တိုင်း လူထုစုပေါင်းလမ်းလျှောက်ပွဲကို မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ် လျက်ရှိရာ ဒီဇင်ဘာ ၃၀ ရက် နံနက် ၆ နာရီက လမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူအများအပြား ပါဝင်ဆင်နွှဲခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင်အတွင်း လျှပ်စစ်လုံလောက်စွာရရှိရေး ပူတာအိုမြို့နယ်နှင့် ခေါင်လန်ဖူးမြို့နယ်တို့ရှိ ချောင်းများတွင် ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

ကချင်ပြည်နယ်မြေအသုံးချမှုကော်မတီ၏ ပထမဆုံးအကြိမ်အဖြစ် ကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်မြေအသုံးချမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် က တက်ရောက်အမှာစကားပြောကြားသည်။

ဝိုင်းမော်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါးစံပြကွက် ရိတ်သိမ်းခြင်း အခမ်းအနား ကျင်းပ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် သမဝါယမအသင်းစု၏ ဦးဆောင်မှုဖြင့် လယ်ယာအထောက်အကူပြု သမဝါယမလုပ်ငန်း ပေါင်ကမ်လား သမဝါယမအသင်းလီမီတက်၏ ၂၀၂၃ ခုနှစ် မိုးစပါး စံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲက ဝိုင်းမော် မြို့နယ် ရပ်ကွက်(၅)ရှိ အသင်းသားတောင်သူ ဦးအေးလင့်ပိုင်ဆိုင်သော မုတ်လွဲကွင်းအမှတ် (၄၁)တွင် ကျင်းပခဲ့သည်။

မိုးကောင်းဒေသစိတ် အခြေခံပညာမူလတန်းအဆင့် အသက်(၁၃)နှစ်အောက် ကျောင်းသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် မိုးကောင်းဒေသစိတ် အခြေခံပညာမူလတန်းအဆင့် အသက် (၁၃)နှစ်အောက် ကျောင်းသားဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ(၂၇)ရက် နေ့လယ်(၂)နာရီတွင် ဖွင့်ပွဲ ကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်