မချမ်းဘောမြို့ ကျောက်နဂါးအောင်တော်မူအေးစေတီတော်မြတ်ကြီးတွင် ဒုတိယအကြိမ်မြောက် အသံမစဲမဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ် ပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် လှူပွဲ အောင်ပွဲစည်ကားသိုက်မြိုက်စွာကျင်းပ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့ ကျောက်နဂါးကုတ်းတော်ပေါ်ရှိ အောင်တော်မူအေး စေတီတော်မြတ်ကြီး၌ ဒုတိယအကြိမ်မြောက် အသံမစဲမဟာပဌာန်း ကျမ်းသိမ်းအောင်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။