တနိုင်း ဒီဇင်ဘာ ၃၀
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၃)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်၌ ကျင်းပသည်။
ဖွင့်ပွဲ ပွဲစဉ်အဖြစ် မူလတန်းလွန်ကောင်ဂျာကျောင်း ဘောလုံးအသင်းနှင့် မူလတန်းလွန်ကျောင်းတပ်လပ် ဘောလုံးအသင်းတို့ စတင်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် အဆိုပါ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၃)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်မှ ဇန်နဝါရီလ ၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်အသင်း စုစုပေါင်း(၁၂)သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
မနောမြေ(တနိုင်း)