ဗန်းမော် ဇန်နဝါရီ ၁
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ဆရာ၊ ဆရာမ၊ ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးရည်ရွယ်၍ ယနေ့နံနက် (၈) နာရီအချိန်က နမ့်ဖါးရပ်ကွက်ရှိ ဗန်းမော်တက္ကသိုလ် ကျောင်းဝင်းအတွင်း၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ကချင်ပြည်နယ် အစိုးရအဖွဲ့၏စီစဉ်မှု ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်ဆောင်ရွက်မှုဖြင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများပူးပေါင်း၍ ဒေသထွက် ချင်း-၃ ဆန်တစ်ပြည် ငွေကျပ် ၃၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ဝက်သားတစ်ပိဿာ ငွေကျပ် ၁၆၀၀၀ နှုန်းဖြင့် လည်းကောင်း၊ ကြက်သားတစ်ပိဿာ ငွေကျပ်၁၂၀၀၀နှုန်းဖြင့်လည်းကောင်း၊ အမဲသားတစ်ပိဿာ ၁၂၀၀၀ နှုန်းဖြင့်လည်းကောင်း၊ စားအုန်းဆီတစ်ပိဿာ ငွေကျပ် ၅၉၅၀ နှုန်းဖြင့် လည်းကောင်း၊ ငါးကြင်းတစ်ပိဿာငွေကျပ် ၁၂၀၀၀ နှုန်းဖြင့် လည်းကောင်း၊ ဟင်းသီးဟင်းရွက်မျိုးစုံတို့ကိုလည်းကောင်း သက်သာသောဈေးနှုန်းဖြင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများအားရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါရောင်းချခြင်းကို ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးအောင်ကျော်ဦး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးတင်မောင်ထွေးတို့မှ ကြီးကြပ်ကွပ်ကဲရောင်းချပေးခဲ့ကြောင်းနှင့် ထိုသို့သက်သာသော ဈေးနှုန်းဖြင့် ရောင်းချခြင်းကို ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်) နှင့် နည်းပညာတက္ကသိုလ် (ဗန်းမော်) တို့၌လည်း တစ်ပြိုင်တည်း ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)