ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်း နယ်မြေလုံခြုံရေးအရ ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံကာ အားပေးထောက်ပံ့ခြင်းများ ဆောင်ရွက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်း လတ်တလောဖြစ်ပွားသည့် နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် တာလောကြီး၊ ရွှေညောင်ပင်၊ အောင်မြင်(၁)ကျေးရွာအုပ်စုများမှ နေ ယာယီနေရပ်စွန့်ခွာသူ ပြည်သူများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့များသို့ သွားရောက်တွေ့ဆုံ ထောက်ပံ့ခဲ့ကြသည်။