ကချင်ပြည်နယ်

မချမ်းဘောမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီတော်မြတ်ကြီး၌ ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမည်

ကချင်ပြည်နယ် ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ ကောင်းမှုလုံစေတီတော်မြတ်ကြီးတွင် ဗုဒ္ဓပူဇနိယပွဲတော်နှင့် မဟာအဘိဓမ္မာ (၇) ကျမ်းရွတ်ဖတ်ပူဇော်ပွဲကို ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ် တပို့တွဲလဆန်း (၄) ရက်နေ့မှ တပို့တွဲလပြည့်နေ့အထိ ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှ (၂၄) ရက်နေ့ထိ (၁၂) ရက်တာ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မချမ်းဘောမြို့နယ်ရှိအခြေခံပညာကျောင်းများ၌ ကျောင်းအခြေပြု အသက်၅နှစ်အထက် နှင့်အသက် ၇ နှစ်အောက် ကျောင်းသားကျောင်းသူများအား ဆုံဆို့-မေးခိုင် (DT)ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျောင်းအခြေပြု အသက် ၅ နှစ်အထက် အသက် ၇ နှစ်အောက်ကျောင်းသားကျောင်းသူ များအားဆုံဆို့-မေးခိုင် (DT) ကာကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်းကို ယနေ့နံနက် ၁၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မံစီမြို့နယ် နမ့်မဖွဲကျေးရွာတွင် ဟောပြောပွဲ ဆောင်ရွက်

ကချင်ပြည်နယ် ၊ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ နမ့်မဖွဲကျေးရွာ (အ.မ.က)ကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လွယ်ဂျယ် ပြန်/ဆက်ရုံး လူထုအခြေပြု ဗဟိုဌာန၌ ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်ပွဲကို ယမန်နေ့တွင် ကျင်းပသည်။

ဗန်းမော်မြို့ အ.ထ.က(၆)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီ ၆ ရက် နံနက်(၁၀)နာရီခွဲခန့်က အ.ထ.က(၆) အလံတိုင်ရှေ့ မြက်ခင်းပြင်တွင် ကျင်းပသည်။

မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဆဒုံးမြို့၌ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မြစ်ကြီးနားတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ဖူဆယ်ဘောလုံး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ ဖွင့်ပွဲ ကျင်းပ

မြစ်ကြီးနားတက္ကသိုလ်၌ ကျောင်းသား/သူများ ခန္ဓာကိုယ်ကျန်းမာကြံခိုင်စေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ဖူဆယ်ဘောလုံး(အမျိုးသာ/အမျိုးသမီး) ပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါတက္ကသိုလ်ရှိ ဖူဆယ်ဘောလုံကွင်း၌ ကျင်းပသည်။

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ်ပေါင်းစုံ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲ မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပ

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် တက္ကသိုလ်ပေါင်းစုံ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားတက္ကသိုလ်သုတေသနဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဝိုင်းမော်မြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် အောင်ချက်မြင့်မားရေး ဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခတ်ချို)၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့်‌ အောင်ချက်မြင့်မား‌ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းရှိ ရွှေခတ်ချိုခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်