မြစ်ကြီးနား ဖေဖော်ဝါရီ ၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၁) နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမ၌ အောင်ချက်မြင့်မားရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၉)နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကချင်ပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်အိအိအေးက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်သူက အားကစားကဏ္ဍနှင့် ပတ်သက်သည်များအား အသိပညာပေး ဟောပြောကာ စာရေးဆရာအကြီး ကိုကို(ကသာ)က ကျောင်းသား/ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် အဆိုပါကျောင်းအတွက် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများကို လည်းကောင်း၊ စာရေးဆရာအကြီး ကိုကို(ကသာ)က သုတရသ စာအုပ်စာစောင်များကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ တိုင်းရင်းသားစာပေများကိုလည်းကောင်း လှူဒါန်းပေးအပ်ခဲ့ကြကာ အမှတ်တရစုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)