ကချင်ပြည်နယ်

ဝိုင်းမော်မြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊  ဝိုင်းမော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

မိုးကောင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်အလိုက်ဆွေးနွေးပို့ချ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် အောင်ချက်မြင့်မားရေးအတွက် မိုးကောင်းမြို့နယ်ရှိ တက္ကသိုလ်ဝင်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား အထက(၁) ကျောင်းမဉ္ဇူသကခန်းမ၌ ယနေ့ နံနက်(၉)နာရီတွင် ဘာသာရပ် အလိုက် ဆွေးနွေးပို့ချသည်။

ဟိုပင်မြို့ အခြေခံပညာမူလတန်း (အနောက်မြောက်) ကျောင်း၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဟိုပင်မြို့ အခြေခံပညာမူလတန်း (အနောက်မြောက်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပသည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

မချမ်းဘောမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ညနေ ၃ နာရီက အခြေခံပညာအထက်တန်းကျောင်း ၌ ကျင်းပခဲ့သည်။

မြစ်ကြီးနားမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲဆုရ ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်လူငယ်ရေးရာအဖွဲ့ဖြင့် ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ဆုရကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့၊ အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းဝင်း အတွင်းရှိ မြက်ခင်းပြင်၌ ဖေဖော်ဝါရီ ၉ ရက် နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းကြူ က အဖွင့်အမှာစကားပြောကြားသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆုဂုဏ်ပြုသောအားဖြင့် မော်ဖောင်းနယ်မြေ(၈) ငအိုးခေတ်မီစံပြကျေးရွာ၌ ရွာလယ်လမ်းကွန်ကရစ်လမ်းသစ်နှင့် ခေတ်မီစံပြစာကြည့်တိုက်သစ် ဖွင့်လှစ်ပေး

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မော်ဖောင်းကျေးရွာအုပ်စု၊ မော်ဖောင်းနယ်မြေ (၈) ငအိုးခေတ်မီစံပြ ကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည့် ရွာတွင်းလမ်းမကြီး ကွန်ကရစ်လမ်းသစ်နှင့် ခေတ်မီစံပြစာကြည့်သစ်တို့ကို ဖေဖော်ဝါရီ ၈ ရက် နံနက် ၁၀ နာရီက အဆိုပါ‌ခေတ်မီစံပြကျေးရွာ၌ ဖွင့်ပွဲအခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့ကြသည်။

တနိုင်းမြို့၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး အဆောက်အအုံစာရင်း မှတ်တမ်းတင်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်း တစ်ရပ်ဖြစ်သော အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်းကို ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက်ပိုင်းက စတင်၍ ခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက မြို့ပေါ် ရပ်ကွက်များသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းဆွေးနွေးပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဆင်ဘိုမြို့၌ ကျင်းပ

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့်(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းဆွေးနွေးပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက်ပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

မြစ်ကြီးနားမြို့ (Community Centre) ၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်း၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်