ကချင်ပြည်နယ်

ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ‘ကျန်းမာရေးနှင့်ညီညွတ်သောအာဟာရများအကြောင်းသိကောင်းစရာ’ ဟောပြောပွဲနှင့် ရိုးရာအစားအစာချက်ပြုတ်နည်းသင်တန်းဖွင့်လှစ်

လူတိုင်းသက်တမ်းစေ့အသက်ရှည်စွာနေနိုင်ရေးနှင့် ရောဂါဘယကင်းရှင်းစေရေးအတွက် ကျန်းမာရေးနှင့်ညီညွှတ်သော အစားအစာများအား အာဟာရပြည့်ဝစွာ ချက်ပြုတ်စားသောက်နိုင်ရန်ရည်ရွယ်ပြီး ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ‘ကျန်းမာရေးနှင့်ညီညွတ်သော အာဟာရများအကြောင်းသိကောင်းစရာ’ ဟောပြောပွဲနှင့် ရိုးရာအစားအစာ ချက်ပြုတ်နည်းသင်တန်းကို ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမတွင် ကျင်းပပြုလုပ်သည်။

မချမ်းဘောမြို့တွင် တောင်သူပညာပေးဆွေးနွေးပွဲနှင့် အသင့်သုံး EM ဖျော်ရည်ပြုလုပ်နည်းနှင့် အသုံးပြုပုံများသရုပ်ပြ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ဒေသခံတောင်သူများ စိုက်ပျိုးရေးအသိပညာ ဗဟုသုတများ တိုးပွားလာစေရန်နှင့် တန်ဖိုးနည်းသဘာဝမြေသြဇာများ ပြုလုပ်တတ်စေရန် ရည်ရွယ်၍ တောင်သူပညာပေးဆွေးနွေးပွဲနှင့် အသင့်သုံး EM ဖျော်ရည်ပြုလုပ်နည်း အသုံးပြုနည်း သရုပ်ပြခြင်းကို ယနေ့ နံနက် ၁၀ နာရီက စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပူတာအိုဒေသစားရေရိက္ခာဖူလုံရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ် ပူတာအိုဒေသ စားရေရိက္ခာဖူလုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဖေ‌ဖော်ဝါရီ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခွဲက ပူတာအိုခရိုင်၊ ပူတာအိုမြို့သို့ လေကြောင်းခရီးဖြင့် သွားရောက်ပြီး ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ရွှေကူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အခမ်းအနားမှူး သင်တန်းဖွင့်

အခမ်းအနားမှူး တာဝန်ပေးအပ်ရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန်အတွက် အခမ်းအနားမှူး သင်တန်းကို ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ် (၁)နာရီခန့်က စတင်ဖွင့်လှစ် လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ် သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် မြို့နယ်သန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီ (၁၃)ရက် မွန်းလွဲ ၂နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြစ်ကြီးနားခရိုင် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအ‌ဝေး ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ခရိုင်ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ ဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သင်းအောင်က အဖွင့်အမှာစကား ပြောကြားသည်။

မိုးမောက်မြို့၊ ကြံခင်းကျေးရွာ၌ ဆောင်းသီးနှံ သီးထပ်မြေပဲ စိုက်ပျိုးမှု ကွင်းဆင်းကြည့်ရှု

ကချင်ပြည်နယ် ၊ မိုးမောက်မြို့နယ် နိုင်ငံစီးပွားမြင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် မံပုံကျေးရွာအုပ်စု ၊ ကြံခင်းကျေးရွာ ပိတောက်ရိပ် စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းရှိ အသင်းသား တောင်သူများ၏ ဆောင်းသီးနှံသီးထပ်အဖြစ် မြေပဲစိုက်ပျိုးထားရှိမှု အခြေအနေအား မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူးနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်(၁၀)နာရီတွင် ကွင်းဆင်း ကြည့်ရှုခဲ့ပါသည်။

နောင်မွန်းမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပ

ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် စည်းလုံးညီညွတ်မှုကို အလေးထားလာစေရန်နှင့် စည်းကမ်းပြည့်ဝ ၍ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်ပသော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ် တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ (၁၂) ရက် ညနေ ၃ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။

နောင်မွန်းမြို့နယ်၌ (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းဖွင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂါလံ၂၀၀၀ဆံ့ရေလှောင်ကန်တည်ဆောက်ခြင်းနှင့် ၂"(PVC)'(၁)မိုင်စိမ့်စမ်းရေသွယ် တန်းခြင်းလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ရက် နေ့လယ် ၁၁ နာရီတွင် ချန်မယကျေးရွာ ၌ကျင်းပသည်။

မချမ်းဘောမြို့နယ်တွင် ( ၂၀၂၃-၂၀၂၄) ခုနှစ် ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်းစစ် စာမေးပွဲများ စတင်ဖြေဆို

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ (၂၀၂၃-၂၀၂၄) ခုနှစ် ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီ(၁၃)ရက်နေ့ နံနက်(၁၀)နာရီမှစ၍ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်