(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ချီ‌ဖွေ ဖေဖော်ဝါရီ ၁၃

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်၊ကျေးရွာပေါင်းစုံ အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ (၂)နာရီ အချိန်က မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဗိုလ်လုပွဲကို ချန်းမောခုံးအသင်းနှင့် ပြည်သူ့စစ်သစ်အသင်းတို့ ယှဥ်ပြိုင်ခဲ့ရာ ချန်းမောခုံးအသင်းမှ (၂) ဂိုးဖြစ် ပြည်သူ့စစ်အသင်းအား ဂိုးပြတ်အနိုင်ရရှိသောကြောင့် ချန်းမောခုံး အသင်းမှ ပထမဆု ဆွတ်ခူးရရှိခဲ့သည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ စိုးမြင့်အောင်က အကောင်းဆုံးဂိုးသမားဆု၊ နောက်တန်းအကောင်းဆုံးဆုရရှိသည့် အားကစားသမားများအား လည်းကောင်း၊ မြို့နယ်ပညာရေးမှူးဦးကြည်နွယ် က အလယ်တန်း အကောင်းဆုံးနှင့် ရှေ့တန်းအကောင်းဆုံးဆုရရှိကြသည့် အားကစားသမားများ တစ်ချင်းစီးအား ဆုတံဆိပ်နှင့် ဂုဏ်ပြုငွေ (၅) သောင်းစီ‌‌ ပေးအပ်ချီးမြှင့်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ချစ်စမ်းအောင်က ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုအား ရရှိကြသည့် အားကစားသမားအား ဆုတံဆိပ်နှင့် ဂုဏ်ပြုငွေ (၈)သောင်းပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် အုပ်စုပွဲစဥ် ယှဥ်ပြိုင်ခဲ့သော တတိယဆုရရှိခဲ့သည့် ပန်ဝါအသင်း အား တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်နှင့် ငွေသားဆု (၅) သိန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဒေါင်ဒိုင်ကလည်းကောင်း၊ ဒုတိယဆုရရှိသော ပြည်သူ့စစ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု တံဆိပ်နှင့်ငွေသားဆု (၇) သိန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် အတွင်းရေးမှူးမြို့နယ်ရဲမှူး လင်းထူးကလည်းကောင်း၊ ပထမဆုရရှိသော ချန်းမောခုံးအသင်းအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်၊ ဆုဖလား နှင့်ငွေသားဆု (၁၀) သိန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချစ်စမ်း‌အောင်မှလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

မြိုနယ် (ပြန်/ဆက်)