ချီဖွေ ဖေဖော်ဝါရီ ၁၃
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဌာနဆိုင်ရာ၊ ရပ်ကွက်၊ကျေးရွာပေါင်းစုံပိုက်ကျော်ခြင်းနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမနှင့် မြို့နယ်အားကစားနှင့် ကယာပညာဦးစီးဌာန ခန်းမတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပရာ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဌာနဆိုင်ရာနှင့် ရပ်ကွက်၊ကျေးရွာပေါင်းစုံမှ အားကစားသမား အသီးသီးမှ ပြိုင်ပွဲဝင်အသင်း (၈) သင်းတို့ဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြ၍ ဗိုလ်လုပွဲစဥ်အဖြစ် ပြည်သူ့စစ်အသင်းနှင့် မန်ယူအသင်းတို့ယှဥ်ပြိုင်ခဲ့ရာ ပြည်သူ့စစ်အသင်းမှ အနိုင်ရရှိခဲ့ပြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ဌာနဆိုင်ရာပေါင်းစုံအသီးသီးမှ ပြိုင်ပွဲဝင် (၂၀) ဦးတို့ယှဥ်ပြိုင်ခဲ့ကြပြီး ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့်အသင်းများနှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ဆုရရှိကြသည့် အားကစားသမားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ပြိုင်ပွဲကျင်းပရေးကော်မတီများမှ ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မြိုနယ် (ပြန်/ဆက်)