ကချင်ပြည်နယ်

မြစ်ကြီးနားမြို့၌ ထမနဲထိုးပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်ရှိ သာသနာ့ဝန်ဆောင်မြို့ဦးကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် အောင်စကြာစေတီတော်မြတ်ကြီး၏ (၄၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ဆွမ်းသပိတ်လောင်းလှူပွဲအကြို စုပေါင်း ထမနဲထိုးပွဲတော်ကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းမြိုင် ဦးဆောင်သည့် ဂေါပကအဖွဲ့ဝင်များနှင့် ရပ်ကွက်နေ လူငယ်မောင်မယ်များက အဆိုပါ ကျောင်းတိုက်အတွင်း ကျင်းပခဲ့သည်။

မိုးညှင်းမြို့နယ်အတွင်း စတုတ္ထအကြိမ် လုပ်ငန်းလည်ပတ်ထားခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်း စားသုံးဆီ ဖူလုံမှုရှိစေရေးအတွက် ဖွံ့ဖြိုးရေးချေးငွေဖြင့် ရယူထားသည့် ဆီစက်လုပ်ငန်းရှင်များ အမှန်တကယ် လုပ်ငန်းလည်ပတ်ထားခြင်း ရှိ/မရှိကို တာဝန်ရှိသူများမှ ယနေ့နံနက် (၁၀) နာရီက စတုတ္ထအကြိမ်မြောက် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မြစ်ကြီးနားမြို့၌ တတိယအကြိမ်မြောက် မနောလိဂ် အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ကချင်ပြည်နယ် တရားလွတ်တော် တရားသူကြီးချုပ် ဦးတူဂျာ၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖေဖော်ဝါရီ (၂၁) ရက် မွန်းလွဲပိုင်းက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် တတိယအကြိမ်မြောက် မနောလိဂ်အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြည့်ရှု အား‌ပေးခဲ့ကြသည်။

ဝိုင်းမော်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး

ကချင်ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးမျိုး‌ဆွေနှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယမန်နေ့နံနက် (၁၀) နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ပူတာအို၌ (၂၀) ကြိမ်မြောက် မူကြိုဘွဲ့နှင်းနှင့်ကျောင်းဆင်းပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင်ကောင်-ဧမာနွေလအေဂျီအသင်းတော်က ကြီးမှူးဖွင့်လှစ်သော ဧမာနွေလမူကြိုကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မူကြိုဘွဲ့နှင်းနှင့် ကျောင်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီ(၂၁) ရက် နံနက် (၁၁) နာရီက ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်(၃) ကောင်-ဧမာနွေလအေဂျီအသင်းတော် ဘုရားကျောင်း၌ ကျင်းပသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) တွင်ကျင်းပသည့် အဂတိတိုက်ဖျက်ရေးဆိုင်ရာ အသိပညာ‌ပေးဟောပြောပွဲ တက်ရောက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်ရှိ နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) ၌ အဂတိတိုက်ဖျက်ရေးဆိုင်ရာ ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ (၁) နာရီက ကျင်းပပြုလုပ်သည်။

ချီဖွေမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်ထုတ်ယူရာ၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းဟောင်းများ ပင်စင်ထုတ်ယူရာနေရာ၌ ဒုတိယအကြိမ် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းနှင့် အာဟာရဒါနများ ကျွေးမွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပင်စင်ထုတ်ယူရာ မြန့်မာ့စီးပွားရေးဘဏ်ရှေ့၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တနိုင်းမြို့တွင် ပင်စင်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းဟောင်းများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းဟောင်းများ ပင်စင်ထုတ်ယူသည့်‌နေ့တွင် အာဟာရဒါနများ ကျွေးမွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်တွင် ပင်စင်ထုတ်ယူရာ၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်း‌မော်မြို့နယ်အတွင်း ပင်စင်လစာလာရောက်ထုတ်ယူသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်း အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အာဟာရကျွေးမွေးခြင်းများကို ယမန်နေ့ နံနက် ၈ နာရီက ဆောင်ရွက်ပေးခဲ့သည်။

မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊မချမ်းဘောမြို့တွင် ကျောင်းသားကျောင်းသူများ ကျောင်းပိတ်ရက် အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် စာဖတ်ရှိန်မြှင့်တင်လာစေရန်နှင့် ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယနေ့ညနေ ၃ နာရီက လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်