တနိုင်း ဖေဖော်ဝါရီ ၂၂
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းဟောင်းများ ပင်စင်ထုတ်ယူသည့်နေ့တွင် အာဟာရဒါနများ ကျွေးမွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (တနိုင်း) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မြတ်မင်းမိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးဇော်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဌာနဆိုင်ရာ အသီးသီးတွင် နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်၍ ပင်စင်အမျိုးမျိုးဖြင့် ပင်စင်ထုတ်ယူရန် လာရောက်ကြသည့် နိုင်ငံ့ဝန်ထမ်းဟောင်းများ ပင်စင်ထုတ်ယူရန် စောင့်ဆိုင်းနေကြသူ အဘိုးအဘွားများအား အာဟာရဒါနများ ကျွေးမွေးခဲ့ကြပြီး မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီ အသင်းအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များက အဘိုးအဘွားများအား အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးတိုး၊ ဆီးချို၊ သွေးချို တိုင်းတာပေးခြင်းနှင့် နှလုံးရောဂါအတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးကာ ဆေးပဒေသာပင် အလှူငွေ သိန်းတစ်ဆယ်ကျပ်အား လှူဒါန်းခဲ့ကြောင်း သိရသည်။ တနိုင်းမြို့နယ်အတွင်း ပင်စင်ထုတ်ယူသူ ပင်စင်စားဦးရေ (၅၇၇) ဦးရှိကြောင်း သိရသည်။
မနောမြေ(ပြန်/ဆက်)