ကချင်ပြည်နယ်

ပူတာအိုခရိုင်၌ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ၏၊ “အမွေခံတစ်ယောက် အမွေပေးသူ တစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်းမှုဖြင့် လူငယ်များစာပေဖတ်ရှုသည့် အလေ့အကျင့်များတိုးပွားလာစေရန်၊ အဖွဲ့အစည်း အသင်းအဖွဲ့များတွင် ပါဝင်ဆွေးနွေးနိုင်သည့် လူငယ်များဖြစ်ပေါ်လာစေရန်နှင့် စာပေဝါသနာရှင်များ အချင်းချင်းရင်းနှီး ချစ်ခင်မှုများရရှိစေရန်အတွက် စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ၏လူငယ်နှင့်ပညာဆိုင်ရာစာစုဖြစ်သည့် “အမွေခံသူတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဖေဖော်ဝါရီ (၂၁) ရက် ညနေ (၄) နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပသည်။

ဖားကန့်မြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဆေးဝါးထောက်ပံ့မှုနှင့် အာဟာရ ကျွေးမွေးခြင်းများ ဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် ‌မြို့နယ်ဆရာဝန်ကြီး ဦးဆောင်ကာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အာဟာရကျွေးမွေးခြင်းများ ဆောင်‌ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Pfizer) ထိုးနှံ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား ယမန်နေ့နံနက် (၁၁)နာရီမှ စတင်၍ (ဘန်ရူခန်းမဟောင်း)၌ ဂျာမနီနိုင်ငံထုတ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Pfizer) စတင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မချမ်းဘောမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်အငြိမ်းစားများအား ကျန်းမာ ရေးစောင့်ရှောက်မှုနှင့်ဝန်ဆောင်မှုပေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်စားများအား ပင်စင်လာရောက်ထုတ်ယူချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့်အခြားသော ဝန်ဆောင်မှုများ အပြည့်အဝရရှိစေရေးအတွက် ဝန်ဆောင်မှုပေးခြင်းကို လစဥ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉နာရီ တွင်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အာဟာရကျွေးမွေးခြင်းဆောင်ရွက်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ပင်စင်လစာ လာရောက်ထုတ်ယူလျက် ရှိသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အာဟာရကျွေးမွေးခြင်းများကို ယမန်နေ့နံနက်(၈)နာရီမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်(မိုးညှင်း)၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဗန်းမော်မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးဝန်းအတွင်းရှိ ဆေးကုသ သံဃာဆောင်တွင် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးခြင်း၊ ပင်စင်စားများကို ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ဆေးဝါးကုသမှု ခံယူနိုင်ရေးနှင့် အဟာရဒါနပြုခြင်းများကို ယမန်နေ့နံနက် (၇)နာရီက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းဟောင်းများအား ပင်စင်ထုတ်ယူရာနေရာ၌ အာဟာရဒါနများ ကျွေးမွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းဟောင်းများ ပင်စင်ထုတ်ယူရာနေရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် အာဟာရဒါနများကျွေးမွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပင်စင်ထုတ်ယူရာ မြန်မာ့စီးပွားရေးဘဏ်အနီး(ဘန်ရူခန်းမ)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

(၂၀၂၃-၂၀၂၄)ခုနှစ် ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကချင်ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မိုးညှင်းမြို့၌ ခရိုင်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိုးညှင်းတက္ကသိုလ်၌ ဒုတိယအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနား အောင်မြင်ပြီးစီး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ဒုတိယအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖေဖော်ဝါရီလ (၁၅)ရက်နေ့မှ (၁၉)ရက်နေ့အထိ နံနက် ညနေ နှစ်ပိုင်းခွဲ၍ (၅)ရက်တိုင်တိုင် တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပအောင်မြင် ပြီးစီးခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်