ဝိုင်းမော်မြို့နယ်တွင် ပင်စင်ထုတ်ယူရာ၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး

ဝိုင်းမော် ဖေဖော်ဝါရီ ၂၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်း‌မော်မြို့နယ်အတွင်း ပင်စင်လစာလာရောက်ထုတ်ယူသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်း အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အာဟာရကျွေးမွေးခြင်းများကို ယမန်နေ့ နံနက် ၈ နာရီက ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသိန်းမြို့ ဦးဆောင်ကာ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမူရေးအသင်းဖွဲ့ဝင်များနှင့် တာဝန်ရှိသူ များက ပင်စင်လာရောက်ထုတ်ယူသော အဘိုးအဘွားများအား သွေးတိုး၊ ဆီးချိုရှိ/မရှိ တိုင်းတာ ပေးကာ လိုအပ်သောသူများအား သွေးတိုးကျဆေးနှင့် ဆီးချိုကျဆေးများ၊ အားဆေးများ ပေးဝေခြင်း ဆောင်ရွက်ပြီး အာဟာရမုန့်များကျွေးမွေးဧည့်ခံခဲ့ကြသည်။

အဆိုပါ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းကို ဖေဖော်ဝါရီ(၂၁)ရက်နေ့မှ (၂၆)ရက်နေ့ထိ ဆောင်ရွက်‌ပေးသွားမည်ဖြစ်ကြောင်းနှင့် ဝိုင်းမော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ ကာကွယ်ရေးပင်စင် (၅၁၀) ဦး၊ နိုင်ငံရေးပင်စင် (၈၇) ဦး၊ မြို့ပြပင်စင် (၄၀၈) ဦး စုစုပေါင်း အငြိမ်းစား ဝန်ထမ်း (၉၉၈) ဦးရှိကြောင်း မြန်မာ့စီးပွားဘဏ်မှ သိရသည်။

ဖြူစင်