ကချင်ပြည်နယ်ဝန်ကြီးချုပ် ပလနကျေးရွာအုပ်စုအတွင်း တောင်သူများအား မျိုးသန့်ပွားများရေး နည်းပညာပေးဆွေးနွေးပွဲနှင့် ပြည်နယ်ဥပဒေချုပ်ရုံး ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်
ကချင်ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် အထွက်တိုးမျိုးစပါးများ ပန်းတိုင်အထွက် နှုန်းရရှိရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဇွန် ၉ ရက် နံနက် ၉ နာရီက ပလန(၂) ကံ့ကော်မြိုင်ကျေးရွာ၊ ကွင်းအမှတ်(၄၅) ကံ့ကော်မြိုင်ကွင်း၌ မိုးစပါးစိုက်ပျိုးချိန် တောင်သူများအား မျိုးသန့်ပွားများရေး နည်းပညာပေးဆွေးနွေးပွဲနှင့် စုပေါင်းထွန်ယက်ပွဲ အခမ်းအနားသို့ တက်ရောက် ခဲ့ကြသည်။