ဝိုင်းမော်မြို့နယ်၊ မန်ဒေါင်ကျေးရွာ၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားကျင်းပ
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ယမန်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ သစ်ပင်၊ ပန်းပင်စိုက်ပျိုးခြင်း အခမ်းအနားကို မန်ဒေါင်ကျေးရွာအုပ်စု၊ ခဝမ်ကျေးရွာ၊ (အမက) မူလွန်ကျောင်းဝင်းတွင် ဝိုင်းမော်မြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်သစ်တောဝန်ထမ်းများ၊ ကျေးရွာရပ်မိရပ်ဖတို့ ပူးပေါင်းကာ ယမန်နေ့နံနက် ၇ နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။