မိုးညှင်း ဇွန် ၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် စာပေဟောပြောပွဲကို ယနေ့ နံနက်(၉)နာရီက အ.ထ.က (၂) ရှိ မြတ်သရဖူခန်းမ၌ ကျင်းပသည်။
ဦးစွာ ဟောပြောပွဲကို မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဆွေက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စာရေးဆရာ အကြီးကိုကို (ကသာ)မှ “လူငယ်နှင့် စာရိတ္တနိုင်ငံတော်” ခေါင်းစဥ်ဖြင့် ဟောပြောရာတွင် လူတစ်ယောက်တိုးတက်အောင်မြင်ရေးအတွက် အရေးအကြီးဆုံးသည် စာရိတ္တကောင်းမွန်ရေးဖြစ်ကြောင်း၊ တိုင်းပြည်တစ်ခု တိုးတက်အောင်မြင်ရေးသည် စာဖတ်ခြင်းမှာ အလွန်အရေးကြီးကြောင်း၊ စာဖတ်ခြင်းသည် ခွင့်လွတ်သည်းခံခြင်းနှင့် အတူ ညဏ်ပညာ ကိုယ်ရည် ကိုယ်သွေး မြင့်မားစေကြောင်း စသည်တို့ကို ဟောပြောသည်။
ထို့နောက် စာရေးဆရာ အကြီးကိုကို (ကသာ)မှ အ.ထ.က (၂) ကျောင်းစာကြည့်တိုက်တွင် အသုံးပြုရန်အတွက် သုတစာအုပ်များ လှူဒါန်းပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။ အခမ်းအနားသို့ အ.ထ.က (၂)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ ကျောင်းသား/သူများ ဌာနဆိုင်ရာများ စုစုပေါင်း (၃၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုသောင်း