မြစ်ကြီးနား ဇွန် ၉
ကချင်ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် အထွက်တိုးမျိုးစပါးများ ပန်းတိုင်အထွက် နှုန်းရရှိရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဇွန် ၉ ရက် နံနက် ၉ နာရီက ပလန(၂) ကံ့ကော်မြိုင်ကျေးရွာ၊ ကွင်းအမှတ်(၄၅) ကံ့ကော်မြိုင်ကွင်း၌ မိုးစပါးစိုက်ပျိုးချိန် တောင်သူများအား မျိုးသန့်ပွားများရေး နည်းပညာပေးဆွေးနွေးပွဲနှင့် စုပေါင်းထွန်ယက်ပွဲ အခမ်းအနားသို့ တက်ရောက် ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အထွက်တိုးမျိုးများနှင့် ပန်းတိုင်အထွက် နှုန်းရရှိရေးအတွက် မိမိတို့အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများက ကြိုးစားဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း မိရိုးဖလာစိုက်ပျိုးနည်းစနစ်မှ စက်မှု လယ်ယာစနစ်သို့ ပြောင်းလဲရေးနှင့် မိုးစပါးအပြင် တစ်နှစ် နှစ်သီး/ သုံးသီး သီးထပ်စိုက်ပျိုးခြင်းဖြင့် တောင်သူစီးပွားဖြစ်ထွန်းရေးကို ဦးတည်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ စိုက် ပျိုးရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးတင်ပြသွားကြရန် လို ကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က ပလန (၂) ကံ့ကော်မြိုင်ကွင်းအတွင်း စံပြစိုက်ဧက (၃၀)ဖြင့် နည်းစနစ်ကျ စိုက်ပျိုးဆောင်ရွက်သွားမည့် အစီအ စဉ်များနှင့် တစ်ဧကအထွက်နှုန်းတိုးပွားရေး မြေဆီလွှာဖွံ့ဖြိုးရေး၊ မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းများ၊ အထွက်နှုန်းမျိုးစပါး ဆင်းဧကရီ-၃ မျိုးစပါးဖြန့်ဝေသွားမည့် အစီအစဉ်များအား အသိပညာပေးဆောင် ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသည့် တောင်သူ များက စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ် ဝန်ကြီးချုပ်က ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပြီး တောင်သူများထံ အထွက် တိုးမျိုးစပါး ဆင်းဧကရီ-၃ မျိုးသန့်မျိုးစေ့အိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် လယ်ကွင်းများအတွင်း လယ်ထွန်စက်များဖြင့် စုပေါင်းထွန်ယက်နေမှုများကို တောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။
မြစ်ကြီးနားမြို့နယ်အတွင်း မိုးစပါးစိုက်ဧကအနေဖြင့် ၂၀၂၂ ခုနှစ်တွင် ဧကပေါင်း (၂၆၄၀၀)၊ ၂၀၂၃ ခုနှစ်တွင် (၂၇၆၅၆)ဏက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧက အထွက်နှုန်းအနေဖြင့် ၂၀၂၂ ခုနှစ်တွင် (၆၈ ဒဿမ ၅၄)တင်း၊ ၂၀၂၃ ခုနှစ်တွင် (၆၉ ဒဿမ ၉၆)တင်းရရှိခဲ့သဖြင့် (၁ ဒဿမ ၄၂)တင်းပိုမိုထွက်ရှိ ကြောင်းနှင့် ယခုနှစ် ၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင် တစ်ဧကပျှမ်းမျှအထွက်နှုန်း (၇၁ ဒဿမ ၀၆)တင်း ရရှိရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်ကုန်းကွင်းနှင့် စီတာပူကွင်းရှိ တောင်သူဦးအောင်ဇော်မိုး၏ လယ်သို့သွားရောက်ပြီး ကျောက်စိမ်းလမ်းမှတစ်ဆင့် အဆိုပါလယ်မြေ များအား ကြည့်ရှုစစ်ဆေးပြီး ဗလမင်းထင်စံပြစိုက်ကွင်းနှင့် တစ်ဆက်တစ်စပ်တည်းရှိသည့်အတွက် ယခုနှစ် မိုးစပါးစိုက်ရာသီတွင် တပ်ကုန်းကွင်းနှင့် စီတာပူကွင်း တစ်လျှောက်လုံး တိုးချဲ့စိုက်ပျိုးနိုင်ရေး အချိန်မီထွန်ယက်နိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်ဥပဒေချုပ်ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်ဥပဒေချုပ်ရုံး၊ မြစ်ကြီးနားခရိုင်၊ မြို့နယ်များရှိ ဥပဒေရုံး များမှ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက် ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ဆက်လက်၍ ပညာသင်ထောက်ပံ့ကြေးများကို ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က ဝန်ထမ်းသား၊သမီး ကျောင်းသား/ ကျောင်းသူ (၄၀)ဦးတို့အတွက် ပညာသင်ထောက်ပံ့ကြေး၊ ကျောင်းသုံးပစ္စည်းများကိုလည်းကောင်း၊ ပြည်နယ်ဥပဒေချုပ်က နယ်မြေမတည်ငြိမ်မှုကြောင့် တိမ်းရှောင်လာသည့် ဝန်ထမ်းများအား ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)